သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-26
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက် တဲ့အနေနဲ့ ခရီးရှည်ချီတက်နေကြ တဲ့ ကျောင်းသားတွေ မနေ့ညက ညအိပ်တည်းခိုတဲ့ မြင်းခြံ စွန်းလွန်းဂူကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေ ချထားတယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
2015-01-26
မကွေးမြို့က မြေလတ်ဒေသ တက္ကသိုလ်ကျောင်းသား များသမဂ္ဂနဲ့ မြေလတ်ဒေသ ဗကသ အဖွဲ့ဝင် စုစုပေါင်း တစ်ရာကျော်ဟာ အမျိုးသားပညာရေးဥပဒေကို ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ ကြပါတယ်။ ဆန္ဒပြ ကျောင်းသားတွေဟာ မန္တလေးမြို့ ကနေ ရန်ကုန်မြို့ကို ချီတက်ဆန္ဒပြနေတဲ့ ကျောင်း သားတွေနဲ့ ပခုက္ကူမြို့မှာ သွားရောက်ပူးပေါင်းမယ်လို့ သိရပါတယ်။
2015-01-26
အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ဆန္ဒပြကြတဲ့ ကျောင်းသား သပိတ်စစ်ကြောင်းဟာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေပိုင်းက နွားထိုးကြီးမြို့ကနေ မြင်းခြံမြို့ကို ရောက်ရှိခဲ့ပါတယ်။
2015-01-26
မြန်မာ့သမိုင်းပညာရှင် “ဇေယျာကျော်ထင် ဒုဗိုလ်မှူးကြီးဘရှင်” ရဲ့ နှစ်တစ်ရာပြည့်အခမ်းအနားအကြို ဟောပြောပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-26
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အနေနဲ့ ဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့ အောင်ဆန်းဘောလုံးကွင်းမှာ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2015-01-26
တနင်္သာရီတိုင်းအတွင်း လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၃၅ ကျပ်နှုန်းနဲ့ သုံးစွဲခွင့်ရဖို့အတွက် ထားဝယ်ခရိုင် လေးမြို့နယ်က ဒေသခံ တစ်ထောင်နီးပါး ဇန်နဝါရီလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
2015-01-26
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စီးဆင်းလာတဲ့ ရေဆိုးတွေကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကားနဲ့ တောင်ပလူကျေးရွာက လယ်မြေဧက ၃၀ နီးပါး ပျက်စီးနေတယ်လို့ ဒေသခံတောင် သူတွေက ပြောပါတယ်။
2015-01-26
ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကချင်တိုင်းရင်း သူ ဆရာမနှစ်ယောက် အသတ်ခံလိုက် ရတာကို အစိုးရက တရားခံတွေ အမြန်ဆုံးဖော်ထုတ်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ တိုင်းရင်းသားရေး ရာကော်မတီက ဒီကနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။
2015-01-26
မကွေးမြို့နယ် မြေလတ်ဒေသ တက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့ မြေ လတ်ဒေသ ဗကသ အဖွဲ့ဝင်စုစုပေါင်း ၁ဝဝ ကျော်ဟာ အမျိုးသားပညာရေးဥပဒေကို မကွေးမြို့မှာ ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပါတယ်။
2015-01-26
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် အမှတ် ၇ ကားလမ်းမဘေး ဝဲယာ တစ်လျှောက်က ကျူးကျော်အိမ် ၄ဝဝ ကျော် ကို မနက်ဖြန် နောက်ဆုံးထားပြောင်းရွှေ့ပေးဖို့ ဆောက် လုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
2015-01-26
လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးမယ်လို့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ဒီကနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာပြုလုပ် တဲ့ ဒေသခံနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲမှာ ကတိပေးပြောကြားလိုက်ပါတယ်။
2015-01-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကံဆီးကျေးရွာမှာ တိုက်ပွဲကြောင့်ပိတ် မိနေတဲ့ ဒေသခံရွာသား ၂ဝဝဝ နီးပါးအတွက် အစား အသောက်နဲ့ ဆေးဝါးတွေကို ကချင်ပြည်နယ် ကြက်ခြေနီ အသင်းက ဒီနေ့ သွားရောက် လှူဒါန်းခဲ့ပါတယ်။
2015-01-26
လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးမယ်လို့ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ဒီနေ့ တောင်ကြီးမြို့ မြို့တော်ခန်းမမှာ ဒေသခံ နိုင် ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပေးပြောကြား လိုက်ပါတယ်။
2015-01-26
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ဒါးမငယ်ကျေး ရွာအုပ်စု အတွင်းမှာရှိတဲ့ တောင်သူ ၁ဝဝ ကျော်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ဧက ၄ဝဝ ကျော် ပြန်လည်ရရှိဖို့အတွက် နတ်တလင်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2015-01-26
အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့ကြား ဒီလ ၁၅ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖားကန့်မြို့နယ် ကံဆီးခေါ၊ အောင်ဘာလေ၊ ဘော်ဇာဒီးနဲ့ ငှက်ပျောတောကျေးရွာက ဒေသခံတွေဟာ ကံဆီးကျေးရွာမှာ သွားရောက်နေထိုင်နေရပါတယ်။