ကြေးနီစီမံကိန်းက ရေဆိုး များကြောင့် လယ်မြေဧက ၃၀ နီးပါး ပျက်စီး


2015.01.26

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက စီးဆင်းလာတဲ့ ရေဆိုးတွေကြောင့် ဆားလင်းကြီးမြို့နယ် ဖောင်းကား နဲ့ တောင်ပလူကျေးရွာက လယ်မြေဧက ၃၀ နီးပါး ပျက်စီးနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရေဆိုးတွေကြောင့် စိုက်ပျိုးလို့မရတော့တဲ့ လယ်မြေတွေအတွက် လျော်ကြေးပေးဖို့ ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ စာတင်ပြပြီးတောင်းဆိုထားပေမဲ့ အကြောင်းပြန်တာမရှိဘူးလို့ လယ် ၅ ဧက ပျက်စီးသွားတဲ့ တောင်ပလူကျေးရွာက တောင်သူ ဦးထွန်းနိုင်ဦးက ပြောပါတယ်။

"၂ဝ၁၃ ခုနှစ်ကနေဝင်တာဗျ၊ မိုးရေတွေနဲ့ပျော်ဝင်ပြီးတော့ ကျနော်တို့လယ်ထဲမှာကျန်နေခဲ့တာ၊ စိုက်ပျိုးလို့မရလို့ ဒီအတိုင်းပဲထားခဲ့ရတယ်ဗျ၊ သူတို့ကြောင့် မဟုတ်ဘူးလိုလိုငြင်းပြီးတော့ ဘာမှလည်းကွင်းမဆင်းပဲ နေလိုက်တော့ တာဗျ၊ ကျနော်တို့က ဓါတ်ပုံနဲ့တင်ပြတာပဲရှိတယ်၊ သူတို့လုပ်ပေးမှရမှာခင်ဗျ၊ ကျနော်တို့က မြို့နယ်ကိုလည်း တင်တယ်ဗျ၊ ဝမ်ပေါင်ရုံးကိုလည်းတင်တယ်ဗျ"

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်မှာ အကောင်အထည်ဖော်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ ဖောင်းကားကျေးရွာ၊ တောင်ပလူကျေးရွာနဲ့ ပေ ၃၀၀ လောက်သာ ကွာဝေးတယ်လို့ သိရပါတယ်။

အဲဒီကျေးရွာ ၂ ရွာမှာ စပါးနဲ့ ပဲကို စိုက်ပျိုးတာဖြစ်ပြီး ပျက်စီးသွားတဲ့မြေဧက ၃၀ ကို တောင်သူ ၁၁ ဦးက ပိုင်ဆိုင်တာဖြစ်ပါတယ်။

ဒေသခံ ဆည်တည်းရွာသားတစ်ဦးဖြစ်သူ ကိုအောင်ကြီးကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။