လယ်ယာမြေ ဧက ၄ဝဝ ကျော် ပြန်လည်ရရှိဖို့ နတ်တလင်းမြို့မှာ ဆန္ဒပြ
2015.01.26
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ဒါးမငယ်ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ တောင်သူ ၁ဝဝ ကျော်ဟာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေ ဧက ၄ဝဝ ကျော် ပြန်လည်ရရှိဖို့အတွက် နတ်တလင်းမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
ဆန္ဒပြရာမှာ ပါဝင်တဲ့ အုန်းနှဲကျေးရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် တောင်သူ ကိုမြင့်နိုင်ကို RFA သတင်းထောက် မစန်းမော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။