သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-02
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ.. ဆိုပြီး ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က ဖမ်းဆီးထားတဲ့ ဒေသခံတွေထဲက ၁၉ ဦးကို ဇူလိုင်လ ၃ဝ ရက်နေ့က ပြန် လွှတ်ပေးလိုက်ပါတယ်။
2016-08-02
နေပြည်တော်လွှတ်တော် တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေ၊ လွှတ်တော်ရေးရာကော်မရှင် အဖွဲ့ဝင်တွေအနေနဲ့ စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့အခါ အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရတော့ မှာဖြစ်ပါတယ်။
2016-08-02
ရှမ်းပြည်မြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး အန္တရာယ် ပညာပေးမှုတွေ၊ ပြန်လည်ပြုစု ကုသရေးစခန်းတွေ ဖွင့်လှစ်ပေး ဖို့အဆိုကို အော်ဂုတ်လ ၁ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၉ ဦး က ဆွေးနွေးခဲ့ကြပါတယ်။
2016-08-02
မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့ သဘာဝဘေး အတွက် သြစတြေးလျနိုင်ငံက နောက်ထပ် အမေရိကန် ဒေါ်လာ ၁၂ သန်း တိုးမြှင့်ကူညီမယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ကြေညာ ခဲ့တဲ့အပေါ် ကလေးသူငယ် ကူညီကယ်ဆယ်ရေး Save the Children အဖွဲ့က ကြိုဆိုလိုက်ပါတယ်။
2016-08-01
၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေ ကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြည်သူ့လွှတ်တော်ထံ တနင်္လာနေ့က တင်ပြခဲ့ပါတယ်။
2016-08-01
စက်ရုံ အလုပ်ရုံ အလုပ်သမားတွေအတွက် လက်ရှိသတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာ တစ်ရက် ငွေကျပ် ၃၆၀၀ ကို ထပ်တိုးမြှင့်ပေးသွားနိုင်ဖို့ အမျိုးသားလွှတ်တော်ရဲ့ ပြည် တွင်းပြည်ပ အလုပ်သမားရေးရာကော်မတီက စီစဉ်နေ ပါတယ်။
2016-08-01
ထိုင်းနိုင်ငံမှာ အဖမ်းခံရတဲ့ မြန်မာ အလုပ်သမား အရေအတွက် သောင်း ဂဏန်းလောက်ရှိမယ်လို့ မြန်မာ အလုပ်သမားအရေး လှုပ်ရှားနေတဲ့အဖွဲ့တွေ က ပြော ပါတယ်။
2016-08-01
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက် ဖို့အတွက် အကျင့်ပျက်လာဘ်စားနေတဲ့ ရဲဝန်ထမ်းတွေကို စိစစ်အရေးယူဖို့ လိုအပ်တယ်လို့ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးဥက္ကာမင်းက ဒီနေ့ အမျိုး သားလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
2016-08-01
မိုင်းလားအဖွဲ့ဟာ နိုင်ငံတော်က ခွဲမထွက်ရေးမူကို အမြဲတမ်းဆုပ်ကိုင်ထားကြောင်းနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးအတွက် နိုင်ငံရေးမူဘောင် ပြင် ဆင်ရေး ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြာင်း NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က ပြောလိုက်ပါတယ်။
2016-08-01
နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ တည်းခိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ လွှတ်တော်ရေးရာ ကော်မရှင်အဖွဲ့ဝင်တွေဟာ တစ်ရက် အခန်းငှားရမ်းခအပေါ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာ ခိုင်နှုန်း ပေးဆောင်ရမယ်လို့ ဒီနေ့ ပြည်သူ့လွှတ်တော်ရုံး က ကြေညာလိုက်ပါတယ်။
2016-08-01
ဧရာဝတီ၊ ချင်းတွင်းနဲ့ ဒုဌဝတီမြစ်ရေ မြင့် တက်တာကြောင့် မန္တလေးတိုင်း ညောင်ဦး၊ အမရပူရ၊ ပုသိမ်ကြီး၊ စဉ့်ကူး၊ သပိတ်ကျင်း စတဲ့ မြို့နယ် ၁၀ မြို့နယ်လောက်က ဒေသခံ နှစ်သောင်းကျော်ဟာ ဘေးလွတ် ရာကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။