အရေးပေါ် စီမံဥပဒေ ရုပ်သိမ်းရေး လွှတ်တော်မှာ တင်ပြ


2016.08.01
tuntunhein-620.jpg ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်က ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေနဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ တင်ပြနေစဉ်
Photo: Myo Thant Khaing/ RFA

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်သူ့ လွှတ်တော်ထံ တနင်္လာနေ့က တင်ပြခဲ့ပါတယ်။

ဥပဒေကြမ်းကော်မတီဝင်အများစုက ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းဖို့ သဘော တူကြောင်းနဲ့ ဥပဒေတစ်ခုလုံးကို မရုပ်သိမ်းသင့်ကြောင်း သဘောထားပေးတဲ့ကော်မတီဝင် တွေရှိတယ်လို့ ကော် မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန် က တင်ပြခဲ့တာဖြစ်ပါတယ်။

"ဥပဒေကြမ်းကော်မတီဝင်အများစုက အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းရန် သဘောတူညီကြပါ သည်၊ ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် မောင်မောင်က ဥပဒေတစ်ခုလုံး အားပယ်ဖျက်မယ့် အစား ခေတ်ကာလအခြေအနေနှင့် မလျော်ညီသော ပုဒ်မများ ကိုသာ ပြင်ဆင်ပယ်ဖျက်ခြင်းများ ပြုလုပ် သင့်ကြောင်း၊ ဥပဒေအားပယ်ဖျက်မည်ဆိုပါက ခေတ်နှင့်လျော်ညီသည့် ဥပဒေအသစ်ရေးဆွဲပြဌာန်းပြီးမှ သာ ပယ်ဖျက်သင့်ကြောင်း တင်ပြခဲ့ပါသည်"

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကိုယ်စား လှယ်တွေက လာမယ့် သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးထား အမည်စာရင်းပေးရမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသိန်းညွန့်က ၂၀၁၂ ခုနှစ်က တစ်ကြိမ် ဦးဝင်းမြင့်က ၂၀၁၅ ခုနှစ်က တစ်ကြိမ် အဲဒီဥပဒေကို ရုပ်သိမ်းဖို့ အဆို တင် သွင်းခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

အဲဒီဥပဒေဟာ အရင်အစိုးရအဆက်ဆက်က နိုင်ငံရေးသမားတွေ တက်ကြွလှုပ်ရှားသူတွေကို အများဆုံးဖမ်းဆီး အရေးယူတဲ့ ပုဒ်မ ၅(ည) အဖြစ် နာမည်ကြီးခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။