သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-12
ရခိုင်ပြည်နယ် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရ က မြန်မာကို တိုက်တွန်းလိုက်ပြီး၊ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကြောင့် ဘင်္ဂ လားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ထိခိုက်ရ တယ်လို့လည်း ပြောဆိုပါတယ်။
2017-01-12
မူဆယ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ၅ နှစ်ကြာပိတ်ထား ခဲ့တဲ့ ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်း ပြန်လည်ဖွင့်လှစ်သွားမှာနဲ့ပတ်သက်ပြီး ကုန်သည် အသင်းအဖွဲ့တွေက ကန့်ကွက်ဝေဖန်မှုတွေ ရှိနေပါတယ်။
2017-01-12
NLD ပါတီရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို ဝေဖန်ရေးသားထားတဲ့ စာအုပ်မိတ် ဆက်ပွဲကို ဒီကနေ့ ရန်ကုန်မြို့က မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ စာရေးသူ ရွှေဖိုးခေါင်က ကျင်းပပြုလုပ်ခဲ့ပါတယ်။
2017-01-12
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ အချိန်အခါမဟုတ် မိုးသည်းထန်စွာ ရွာသွန်း ပြီး ရေကြီးရေလျှံမှုတွေကြောင့် ချောင်းလမု နဲ့ တောင်ပလပ်ကျေးရွာတွေမှာ နေအိမ် ၁၀၀ နီးပါးပျက်စီးသွားပြီး လူဦးရေ ၅၀၀ ကျော် ဘေးလွတ် ရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ တိုင်းဒေသ ကြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန က ပြောပါတယ်။
2017-01-12
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ က လောဆွန့်၊ အိုင်လေးသူ၊ မပြင်၊ ပန်းလား၊ နားလတန်း စတဲ့ ကျေးရွာတွေက ဆင်သမားတွေ ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်နေ့က ဆင်တစ်ကောင်ကို ၇ သောင်းနှုန်းနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နောက်ဆုံး ထားပေးဆောင်ဖို့ ကေအိုင်အေတပ်ရင်း ၂၆ က အကြောင်း ကြားထားတယ်လို့ သိရပါတယ်။
2017-01-12
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဗဟိုခေါင်းဆောင်တွေဟာ မကြာသေးခင်က ဖမ်းဆီးခံထားရတဲ့ ဗဟိုကော်မီတီဝင် ဦးမင်းဌေး လွတ်မြောက်ရေးအတွက် ကချင်ပြည်နယ် ဗန်းမော် မြို့မှာ ရောက်ရှိနေပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
2017-01-12
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က 'ဇိုင်းအောင်' နဲ့ 'မဂါးယန်' ဒုက္ခသည်စခန်းတွေအနီးမှာ မနေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဒုက္ခသည် ၄ ထောင်ကျော် မနေ့က တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ကြရာမှာ တရုတ်အာဏာ ပိုင်တွေက လက်မခံဘဲ ဒီကနေ့မနက်ပိုင်းမှာ ပြန် လွှတ်လိုက်ပါတယ်။
2017-01-12
မွန်ပြည်နယ်အစိုးရအဖွဲ့ကဧည့်ဂေဟာဆောက်လုပ်တာကို ပြည်နယ်လွှတ်တော် က ရပ်ဆိုင်းဖို့ ဆုံးဖြတ်ထားပေမယ့် ပြီးစီးအောင်တည်ဆောက်မှာဖြစ် တယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းက လွှတ်တော်ကို အကြောင်းကြားခဲ့ပါတယ်။
2017-01-12
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့က ရပ်ကွက်တချို့မှာ သုံးရေအတွက် ရေစည်ကိုသာ ဝယ်ယူသုံးစွဲနေရဆဲဖြစ်ပါတယ်။
2017-01-12
ရန်ကုန်မြို့က ဘုရင့်နောင်ပွဲရုံနဲ့ ကုန်တင်ယာဉ် ရပ်နားစခန်းမှာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနဲ့ လုပ်ငန်းရှင်တွေ၊ စခန်းကော်မတီဝင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2017-01-12
တရုတ် - မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ်က ဇိုင်းအောင် နဲ့ မဂါးယန်ဒုက္ခသည်စခန်းတွေက ဒုက္ခသည် ၄ ထောင်ကျော်ဟာ မနေ့က တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပေမယ့် တရုတ်အာဏာပိုင်တွေက လက်မခံဘဲ ဒီကနေ့ မနက်ပိုင်းမှာ ပြန်လွှတ်လိုက်ပါတယ်။
2017-01-12
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် သဲချောင်းရွာနားမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည် သစ်ပါတီတို့ နယ်မြေအငြင်းပွားမှုဖြစ်ရာကနေ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2017-01-12
မတရားအတိုင်းအဆမဲ့ အဖြိုခံနေရတဲ့ သဘာဝလက်ဆောင်တောင်တွေ နဂိုအတိုင်း ပြန်ဖြစ်စေဆိုပြီး ဘယ်တန်ခိုးရှင်ကမှ ဥုံဖွဆိုပြီး မန်းမှုတ်ပေးလို့ မရတာမို့ တောင်တွေဖြိုပြီး သယံဇာတတွေ လောဘတကြီး တူးဖော်ထုတ်ယူနေ တာတွေ ရပ်ဆိုင်းသင့်တဲ့ အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-01-11
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ မဘသဗဟိုက မိုးပြာအရှင် ဉာဏ ရဲ့အဖွဲ့ကို ထေရဝါဒ ဗုဒ္ဓသာသနာ ညိုးမှိန်ပျက်စီးအောင် အားထုတ်နေမှု အတွက် ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက် တစောင် ဇန်နဝါရီလ ၁၁ ရက် မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
2017-01-11
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာစီနာက သူတို့နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခ သည် ထောင်ပေါင်းများစွာကို ပြန်လည်ခေါ်ယူဖို့ မြန်မာနိုင်ငံခြားရေးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ကို မနေ့က ပြော ကြားလိုက်ပါတယ်။