ကချင်ဒုက္ခသည်တွေကို တရုတ် လက်မခံ
2017.01.12
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က 'ဇိုင်းအောင်' နဲ့ 'မဂါးယန်' ဒုက္ခသည်စခန်းတွေအနီးမှာ မနေ့က လက်နက်ကြီးကျည်တွေ ကျရောက်တဲ့အတွက် ဒုက္ခသည် ၄ ထောင်ကျော် မနေ့က တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရာမှာ တရုတ်အာဏာပိုင်တွေက လက်မခံဘဲ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွှတ်လိုက်ပါတယ်။ ဒီဒုက္ခသည်တွေကို စားနပ်ရိက္ခာထောက်ပံ့နေတဲ့ ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါက်တာဆမ်ဆွန်ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။