သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-16
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက် ပိုင်းက ကျေးရွာတွေကို အရပ်ဘက်အဖွဲ့ အစည်းတစ်ခုက ဒီနေ့ အကူအညီတွေ သွားရောက်ပို့ဆောင်တာကို သတင်းလိုက်ယူတဲ့ ရခိုင်ပြည် နယ်အခြေစိုက် သတင်းသမားတွေကို မောင်တောခရိုင် အုပ်ချုပ်ရေးအဖွဲ့က တားမြစ်ခဲ့ပါတယ်။
2017-01-16
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နဲ့ မောင်တော မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးဝါး တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကောက်ချက်ချကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောခဲ့တယ်လို့ ရွှေစေတီကျောင်း ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။
2017-01-16
ဘတ်စ်ကားလိုင်းအသစ်တွေအားလုံး အဆင်ပြေဖို့အတွက် တစ်ပတ်လောက် အချိန်ယူရမှာ ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
2017-01-15
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ နမ့်ဆန်မြို့နယ်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် အရပ် သားနှစ်ဦးသေဆုံးခဲ့သလို ဆယ်ဦးကျော် ဒဏ်ရာ ရရှိခဲ့ပါတယ်။
2017-01-15
မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP ဝပြည် သွေးစည်းညီညွတ်ရေးပါတီ မှာ ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပပြီး ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေဖြစ် လာတော့မယ်လို့ ရိုက်တာ သတင်းကဖေါ်ပြပါတယ်။
2017-01-15
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆ လင်တွေရဲ့ အခြေအနေနဲ့ပတ်သက် ပြီး ဆွေးနွေးကြဖို့ မလေးရှား အစိုးရ ရဲ့တောင်းဆိုချက်ကြောင့် OIC ခေါ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဇန်နဝါရီလ ၁၉ ရက်နေ့၊ ကွာလာလမ်ပူမြို့မှာ အထုူး စည်းဝေးပွဲကျင်းပမယ်လို့ OIC က ကြေညာပါတယ်။
2017-01-15
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီ ဟာ မောင်တောမြို့နယ် မြောက်ပိုင်းက အကြမ်းဖက် မှုတွေဖြစ်ပွားခဲ့တဲ့ ကျေးရွာတွေကို ဒီနေ့ သွားရောက်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကို လိုက်ပါ ခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။
2017-01-15
မန္တလေးမြို့မှာ အစိုးရတပ်မတော်ရဲ့ တရားသောစစ် အောင်မြင်စေ ဖို့ ထောက်ခံပွဲပြုလုပ်သူတချို့က စစ်ပွဲတွေ ရပ်တန့်ဖို့ ပိုစတာကိုင်ဆောင်ပြီး တစ်ကိုယ်တော်ဆန္ဒပြသူကို ထိုးကြိတ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေက ပြော ပါတယ်။
2017-01-15
သီပေါဘုရင် ပါတော်မူပြီးနောက် မြန် မာပြည်မြောက်ပိုင်းကနေ အင်္ဂလိပ်နယ်ချဲ့ ကို တော်လှန်ခဲ့တဲ့ ရှမ်းအမျိုးသား ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ရဲ့ ၁၅၅ နှစ်ပြည့် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့မှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2017-01-15
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်က ကျေးရွာတွေမှာ တရား မဝင်ရွှေတူးဖော်မှုတွေကို အရေးယူဖို့ ပျက်ကွက်တဲ့ မြို့နယ် သတ္တုဦးစီးဌာန တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဒေသခံ ၂၀၀ ကျော်က မနေ့ကစပြီး သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ ပါတယ်။
2017-01-15
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဒီကနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ အစ္စလာမ် ဘာသာဝင်တွေရဲ့ 'တမန်တော်နေ့' အခမ်းအနားကို ရန်ကုန်အခြေစိုက် မျိုးချစ်မြန်မာ ပရဟိတအဖွဲ့က ကန့်ကွက်ခဲ့ တာကြောင့် အခမ်းအနားကို ဖျက်သိမ်းလိုက်ပါတယ်။
2017-01-15
ရန်ကုန်မြို့သိမ်ဖြူလမ်းက ဝန်ကြီးများရုံး မှာ ခေတ်သစ်အနုပညာရှင် Wolfgang Laib ရဲ့ "ရေမြေအဆုံးနေရာထိ တိုင်အောင်" လို့ အမည်ပေးထားတဲ့ အနုပညာပြပွဲကို မနေ့ ကစပြီး ပြသနေပါတယ်။
2017-01-15
မြန်မာနဲ့ အိန္ဒိယနယ်စပ် နာဂပြည်နယ် အတွင်း နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုးကာ မယ့် အစီအစဉ်ပတ်သက်ပြီး ညီညွတ်သော နာဂကောင်စီ UNC က ကန့်ကွက်တဲ့ပွဲကို နယ်စပ်မှာရှိတဲ့ နာဂမြေ ပန်ရှာရွာမှာ ကျင်းပပါတယ်။
2017-01-15
မြန်မာနိုင်ငံရဲ့ စက်မှုထုတ်ကုန်လုပ်ငန်း ကဏ္ဍဟာ အကြီးအကျယ် တိုးတက်ဖို့ တာစူနေပြီလို့ ဒီကနေ့ ထုတ်ပြန်တဲ့ Nikkei Asian Review နစ်ကေး အေးရှင်းန် ရီဗျူးသတင်းက ဖေါ်ပြ လိုက်ပါတယ်။
2017-01-15
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် (Asia-Pacific Forum of Environmental Journalists) APFEJ လို့ အတိုကောက်ခေါ်တဲ့ အာရှပစိဖိတ် ပတ်ဝန်းကျင်ရေးရာဆိုင်ရာ စာနယ်ဇင်းသမားများ အသင်းက မုံရွာမြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ Daily Eleven သတင်းစာက သတင်းထောက် ကိုစိုးမိုးထွန်း အမှုနဲ့ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ဖေါ်ထုတ်အရေးယူနေတာတွေကို ချီးကျူးပါကြောင်း တပြိုင်နက်မှာ ဖမ်းဆီးထားသူတွေကို တရားဥပဒေနဲ့အညီ စီရင်စေလိုကြောင်း မနေ့က တိုက်တွန်းပြောကြားလိုက် ပါတယ်။