ဘူးသီးတောင်နဲ့ စစ်တွေကို မစ္စယန်ဟီးလီ သွားရောက်


2017.01.16
yangheelee-620.jpg စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်က ဆရာတော်အရှင်အရိယဝံသနဲ့ မစ္စယန်ဟီးလီ ဇန်နဝါရီလ ၁၆ ရက်နေ့က တွေ့ဆုံနေစဉ်
.

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ပြီးခဲ့တဲ့အောက်တိုဘာလက တပ်မတော်သားနဲ့ ရဲတပ် ဖွဲ့ဝင်တွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့တာတွေဟာ လက်ခံနိုင်စရာမရှိတဲ့ ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တယ်လို့ ကောက် ချက်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေး ကိုယ်စားလှယ် မစ္စယန်ဟီးလီ က ပြောခဲ့တယ် လို့ ရွှေစေတီကျောင်း ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

ဒီနေ့ စစ်တွေမြို့ ရွှေစေတီကျောင်းတိုက်မှာ မစ္စယန်ဟီးလီက လာရောက် တွေ့ဆုံရာမှာ ပြောကြားခဲ့တာြဖစ်တယ်လို့ ဆရာတော် အရှင်အရိယဝံသ က မိန့်ပါတယ်။

"မောင်တောနဲ့ ဘူးသီးတောင်ဖြစ်စဉ်မှာ ဘင်္ဂါလီတွေဘက်က အကြမ်းဖက်တာတို့၊ တပ်မတော်တို့ ရဲဝန်ထမ်း တို့ကို လည်လှီးသတ်ဖြတ်တာတို့ကို တွေ့ခဲ့ရတာဟာ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဒါကို တော်တော် ဆိုးဝါးတဲ့လုပ်ရပ်ဆိုတာကို စိတ်ပျက်စရာကောင်းတယ်ဆိုတာကို သူကမှတ်ချက်ချတယ်လေ"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်ရေးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဘူးသီးတောင်မြို့နယ်ကနေ ဒီနေ့ စစ်တွေမြို့ကို လာရောက်ခဲ့တာဖြစ်ပြီး စစ်တွေအကျဉ်းထောင်ကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း လွတ်လွတ်လပ်လပ် သွားလာခွင့် ရခဲ့ကြောင်းနဲ့ သူ့အနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ နှစ်ဖက်လူ့အခွင့်အရေးရရှိဖို့အတွက် ဆောင်ရွက်နေတယ်ဆိုတာ ကို ယုံကြည်ပေးဖို့ ရွှေစေတီကျောင်းဆရာတော်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မစ္စယန်ဟီးလီဟာ အခုလ ၁၃ ရက်နေ့ကနေ ဒီနေ့အထိ ၄ ရက်ကြာ ရခိုင်ပြည်နယ်ကို သွားရောက် လေ့လာခဲ့ တာဖြစ်ပြီး စစ်တွေမြို့မှာ အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့သလို အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဒေသခံတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ် ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။