သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-03-02
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်က တရော်ပင်ကျေးရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၂၀၀ ကျော်မှာ ဒေသ ခံတောင်သူ ၃၀၀ လောက်က ဒီနေ့ ဝင်ရောက်ထွန်ယက်ခဲ့ ပါတယ်။
2016-03-02
လက်ရှိအစိုးရသက်တမ်းအတွင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ သမား ရိုးကျစိုက်ပျိုးနည်းစနစ်အစား ခေတ်မီ စိုက်ပျိုးရေး နည်းပညာတွေ ပြန့်ပွားရေးနဲ့ လက်မှုလယ်ယာ စနစ်ကနေ စက်မှုလယ်ယာစနစ်ထံ ကူးပြောင်းနိုင်ရေးလုပ် ငန်းတွေကို အုတ်မြစ်ချပေးနိုင်ခဲ့သလို အဲဒီစံနမူနာကို လာ မယ့်အစိုးရသစ်အနေနဲ့ ဆက်လက်ကြိုးပမ်းဆောင်ရွက် ဖို့ နိုင်ငံတော်သမ္မတက တိုက်တွန်းလိုက်ပါတယ်။
2016-03-02
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က ငမန်းရဲကျွန်းတာတမံ ဆည်ဖို့ရာမှာ စီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပုစွန်ကန်တွေကို ချန်လှပ်ပြီး ဆည်ဖို့နေတာကြောင့် ဒေသခံ ၅၀၀ လောက်က ဒီနေ့ ဆန္ဒပြကန့်ကွက်ကြပါတယ်။
2016-03-02
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ် ကွက်တွေမှာ အသုံးပြုမယ့် ယာဉ်စက်ယန္တရားတွေကို တရားမဝင် တင်သွင်းခွင့်ပြုရာမှာ ပါဝင်ပတ်သက်မှု ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့က အရာရှိတွေကို အရေးယူနေတယ် လို့ သိရပါတယ်။
2016-03-02
သမ္မတ ရွေးချယ်ရေး အစည်းအဝေးတွေကို သတ် မှတ်ရက်ထက် သီတင်းတစ်ပတ် စောပြီး မတ်လ ၁၀ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုလွှတ်တော် က ကြေညာ လိုက်တာဟာ NLD ပါတီက သမ္မတ အရည်အချင်း သတ်မှတ် ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး အရေးကြီးအဆိုကိုလွှတ်တော်ထဲ မတင်တော့ဘူးဆိုတဲ့ သဘောဖြစ် နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိလာပါတယ်။
2016-03-02
ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနဲ့ပတ်သက်ပြီး အားလုံးပေးဆပ်မှုနဲ့ချဉ်းကပ်မှသာ ညီညွတ်ရေးရ နိုင်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2016-03-02
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ရပ်တည်နေခဲ့တာ အခုဆိုရင် လေးနှစ်နီးပါးရှိပြီ ဖြစ်ပါတယ်။
2016-03-02
ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ဟိုပုန်ကျေးရွာမှာရှိတဲ့ မြေမြုှပ်မိုင်းတွေကို ဖယ်ရှားပေးဖို့နဲ့၊ သိန္နီမြို့နယ် ပန်ဟတ်ကျေးရွာမှာ အစိုးရတပ်က ဖမ်းဆီးထားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ ဒေသခံတွေက ရန်ကုန် ကမာရွတ်မြို့နယ် ဒိုင်းမွန်းကွန်ဒိုမှာ မတ်လ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2016-03-02
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့က မီးဘေးဒုက္ခသည်စခန်းကို အခုရက်ပိုင်းအတွင်း ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။
2016-03-02
ဗြိတိသျှကိုလိုနီလက်ထက်- ၁၃ဝဝ ပြည့်အရေးတော်ပုံအတွင်း မန္တလေးမြို့သား ၁၇ ဦး ကျဆုံးခဲ့တဲ့ ၇၇ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့က အာဇာနည် ၁၇ ဦးဗိမာန်မှာ ကျင်းပခဲ့ပါတယ်။
2016-03-02
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိဆောင်မှာ မတ်လ ၁ ရက်နေ့ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။
2016-03-01
ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၃၉၀ ကျော်နဲ့ ဒီနေ့ ပြည်သူ့လွှတ်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံရာမှာ တခြားနိုင်ငံရေးပါတီက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စည်းစည်းလုံးလုံနေကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
2016-03-01
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းအကူအညီတွေနဲ့ ရပ်တည်နေခဲ့တာ အခုဆိုရင် ၄ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
2016-03-01
ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနယ်စပ် ကော့ဇ်ဘဇားခရိုင်မှာ သံသယဖြစ်ဖွယ်လှုပ်ရှားမှုနဲ့ ၂ လကျော် ဖမ်းဆီးထား ခဲ့တဲ့ ပြင်သစ်နိုင်ငံသားတစ်ဦးကို မနေ့က ပြန်လွှတ်ပေး လိုက်ပါတယ်။
2016-03-01
နိုင်ငံတော်သမ္မတနဲ့ ဒုတိယ သမ္မတတွေ ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက် ဒုတိယသမ္မ တလောင်း အမည်စာရင်း တင်သွင်းနိုင်ရေး အစုအဖွဲ့အစည်း အဝေးတွေကို လာမယ့် မတ်လ ၁၀ ရက်နေ့မှာ စတင်ကျင်းပ ဖို့ ပြည်ထောင်စု လွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ဒီကနေ့ ကြေညာလိုက်ပါတယ်။