ဒါးပိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်း အခြေအနေ
2016.03.01
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးက မွတ်စလင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းအကူအညီတွေနဲ့ ရပ်တည်နေခဲ့တာ အခုဆိုရင် ၄ နှစ်နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ စခန်းတွင်းမှာ ဒုက္ခအမျိုးမျိုးနဲ့ နှစ်အတော်ကြာ နေထိုင်လာခဲ့ကြတဲ့အတွက် လက်ရှိအချိန်မှာ စိတ်ဓါတ်ကျသူတွေ များလာနေတယ်လို့ စခန်းကော်မတီဝင်တွေက ပြောပါတယ်။
ဒါးပိုင်ဒုက္ခသည်စခန်း အခြေအနေကို အာအက်ဖ်အေ အဖွဲ့သား ဦးဝင်းနိုင် က တင်ပြထားပါတယ်။