သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-01
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံသား ဝင်းဇော်ထွန်း နဲ့ ဇော်လင်းတို့ရဲ့ အယူခံကို ထိုင်းတရားရုံးက ပယ်ချ လိုက်ကြောင်း သူတို့အကျိုးဆောင်ရှေ့နေတွေက ဗုဒ္ဓဟူးနေ့ကမှ သိရှိရတယ်လို့ ပြောပါတယ်။
2017-03-01
၂၀၁၆ ဟာ စံချိန်တင်အောင်ပူပြင်းတဲ့အကြောင်း၊ နှစ် ၃ သန်းအတွင်း လေထုထဲ ဖန်လုံအိမ်ဓာတ်ငွေ့ အများဆုံးရောက်တဲ့နှစ်ဖြစ်တဲ့အကြောင်း၊ သစ်တောအနည်းအများရှိတဲ့ပေါ် မူတည်ပြီး လူသားတွေ ရာသီဥတုဒဏ်ခံရတဲ့ အကြောင်း စတာတွေနဲ့ ရာသီဖောက်ပြန်တဲ့အတွက် ကယ်လီဖိုးနီးယားပြည်နယ်က သဲကန္တရပင်တွေဟာ အညာက ထန်းပင်တွေလို မရှင်သန်နိုင်တော့တဲ့ အကြောင်း စတာတွေကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။
2017-03-01
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်က စက်ရုံတွေရှေ့မှာ ကျူးကျော်ပိတ်ဆို့ ငွေတောင်းခံနေ တာတွေဟာ ဂိုဏ်းဖဲ့ွပြီး လုပ်စားတာတွေ ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် အတွင်းရေးမှူး ဦးနေလင်းဇင် က ပြောပါတယ်။
2017-03-01
NCA အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ စုစည်း ထားတဲ့ "ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC" ကိုယ်စားလှယ်တွေဟာ ဒီကနေ့ နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြပါတယ်။
2017-03-01
ရန်ကုန်တိုင်းဒေသကြီးမှာ တရားမဝင် သစ်တွေ လိုက်လံဖမ်းဆီးတာတွေပြု လုပ်ပြီးနောက်ပိုင်း ပင်လယ်ထွက်ပေါက်ရှိတဲ့ နေရာတွေ ကို ရွှေ့ပြောင်းတာတွေ ပြုလုပ်လာတဲ့အတွက် မွန်ပြည်နယ်နဲ့ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ ရှာဖွေဖမ်းဆီးတာတွေပြု လုပ်ဖို့ သစ်တောဦးစီးဌာနက ညွှန်ကြားထားတယ်လို့ မွန်ပြည်နယ် သစ်တောဦးစီးဌာ ညွှန်ကြားရေးမှူးက ပြော ပါတယ်။
2017-03-01
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး မြန်မာ အလုပ်သမားနှစ်ယောက်ရဲ့ အယူခံကို အယူခံတရားရုံးက ပယ်ချလိုက်ပြီး မူလတရားရုံးရဲ့ အမိန့်အတိုင်း သေဒဏ်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ လိပ်ကျွန်း လူသတ်မှုစုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြော ပါတယ်။
2017-03-01
၂ဝ၁၆ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့၊ နိုဝင်ဘာလ အတွင်း အရှေ့မြောက်ဒေသမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တပ်မတော်က ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2017-03-01
ကျောင်းသားသမဂ္ဂ အဆောက်အဦး ဆောက်လုပ်ရေးအတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။
2017-03-01
ပြီးခဲ့တဲ့ရက်ပိုင်းက ဝ,ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ခမ်းမှာပြုလုပ်တဲ့ တိုင်းရင်းသားလက်နက် ကိုင် ၇ ဖွဲ့ အစည်းအဝေးမှာ NCA အပစ်ရပ်စာချုပ်ကို ငြင်းပယ်လိုက်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်အသစ် နဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2017-03-01
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် ဂုဏ်ပြုသတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ကန့်ကွက်သူရှိပေ မယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-03-01
NCA စာချုပ်မှာ လက်မှတ်မထိုးဘဲ UWSA ဝ,တပ်ဖွဲ့က ဦးဆောင်ပြီး အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ နိုင်ငံရေးဆွေးနွေး မှု ကော်မတီတရပ် ဖွဲ့စည်းမယ်လို့ ပန်ခမ်းညီလာခံက ဆုံးဖြတ်ထားပါတယ်။
2017-03-01
ရှေ့နေဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း ကွယ်လွန်ခြင်း တလပြည့်အထိမ်းအမှတ်နဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး အခမ်းအနားကို ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းရှေ့မှာ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-03-01
လျှပ်စစ်ဓာတ်အား တစ်ယူနစ်ရောင်းတိုင်း အစိုးရက ငွေ ၂၃ ကျပ် အရှုံးပေါ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။
2017-03-01
ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေက ရဲစခန်းတွေကို တိုက် ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အပေါ် ရဲတပ်ဖွဲ့ဝင် မိသားစုတွေက စိုးရိမ်မှုတွေရှိနေတဲ့အတွက် နေရပ်ပြန် ဖို့ လောက်ကိုင်ခရိုင် ရဲတပ်ဖွဲ့က ခွင့်ပြုပေးထားပါတယ်။
2017-03-01
လစ်လပ်နေတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် နေရာအတွက် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ်-၂ က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးဇံကို နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြရာမှာ မွန်ပြည်နယ်လွှတ်တော်က မတ်လ (၁) ရက်နေ့ ဒီနေ့အတည်ပြုလိုက်ပါတယ်။