လျှပ်စစ် တစ်ယူနစ်ပိုရောင်းရတိုင်း ပိုပြီး အရှုံးပေါ်ကြောင်း ဒုတိယ ဝန်ကြီးပြော


2017.03.01
dr-tunnaing-620.jpg လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကို မတ်လ ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တွေ့ရစဉ်
Photo: Win Naung Toe/ RFA

လျှပ်စစ်ဓာတ်အား တစ်ယူနစ်ရောင်းတိုင်း အစိုးရက ငွေ ၂၃ ကျပ် အရှုံးပေါ်နေကြောင်း လျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။

၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့ ဆွေးနွေးချက်တွေကို ပြန်လည်ရှင်းလင်းရာမှာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ထည့်သွင်းပြောကြားခဲ့ တာ ဖြစ်ပါတယ်။

"အရှုံးဖြစ်ပေါ်ရခြင်း အကြောင်းရင်းက လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် ပျမ်းမျှအားဖြင့် ၇၇.၂၅ ကျပ်ဖြစ်ပြီး ရောင်းချရသည့် ဈေးနှုန်းသည် ပျဉ်းမျှ ၅၄.၁၅ ကျပ်ဖြစ်ပါ၍ ဓါတ်အားပိုမိုထုတ်လုပ်ရောင်းချရတိုင်း အရှုံးပိုမိုများပြားလာသည့်အတွက် ယခင်နှစ်ထက်ပိုမိုလျာထားရခြင်းဖြစ်ပါတယ်"

လာမယ့် ၂၀၁၇ -၂၀၁၈ ခုနှစ်မှာ လျှပ်စစ်ယူနစ်သန်းပေါင်း နှစ်သောင်းနီးပါးသုံးစွဲဖို့ လျာထားတာကြောင့် ပြီးခဲ့တဲ့နှစ်ထက် ယူနစ်သန်းပေါင်း ၁၇၀၀ ကျော် ပိုမိုသုံးစွဲမှာဖြစ်ကြောင်းနဲ့ လျှပ်စစ်ယူနစ်တိုး ထုတ်လုပ်တိုင်း အရှုံးပေါ်နေတာဖြစ်ကြောင်း ဒေါက်တာထွန်းနိုင်က ပြောပါ တယ်။

ဒါ့အပြင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ လျှုပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာပေါင်း ၅ သောင်း ကျော်ရှိတဲ့အထဲက နှစ်အလိုက်၊ အဆင့်အလိုက် လျှပ်စစ်မီးရရှိရေး စီမံကိန်းရေးဆွဲပြီး လုပ်ဆောင်နေကြောင်းလည်း ဒေါက်တာ ထွန်းနိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။