ပြည်သူ့လွှတ်တော်ရောက် ချောင်းဆုံတံတား
2017.03.01
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့အကြား သံလွင်မြစ်ပေါ်မှာထိုးထားတဲ့ တံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားအဖြစ် ဂုဏ်ပြုသတ်မှတ်ပေး ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ကန့်ကွက်သူရှိပေမယ့် ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။