သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-08-04
"ရခိုင်ပြည်နယ်ရှိ အစ္စလမ်ဘာသာကိုးကွယ်သူများ" လို့ သုံးနှုန်းဖို့ အစိုးရက ညွှန်ကြားထားပေမယ့်၊ ဒီအခေါ်အဝေါ်ကို လက်မခံဘဲ အရင်အတိုင်း ခေါ်ဆိုဖို့ အစိုးရကို တိုက်တွန်းကြောင်း အဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-08-04
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်က "လီဆူ" တိုင်းရင်းသားတွေဟာ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းအဖြစ် နာနတ်သီးတွေ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
2016-08-04
အစိုးရက ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာ ကိုးကွယ်သူများလို့ သုံးနှုန်းဖို့ ညွှန်ကြားထားပေမယ့် ရခိုင်ပြည်နယ်လွှတ်တော်မှာ အဲဒီအခေါ်အဝေါ်ကို လက်မခံဘဲ အရင်အတိုင်းပဲခေါ်ဆိုဖို့ ပြည်ထောင်စု အစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-08-04
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာရှိတဲ့ လဟယ်မြို့နယ်နဲ့ နန်းယွန်းမြို့နယ်တွေမှာ အမည်မသိရသေးတဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်မြန်ရောဂါတစ်မျိုးကြောင့် ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေ ၃၃ ဦး သေဆုံး ခဲ့ပြီး လူဦးရေ ၂၀၀ ဝန်းကျင်လောက် ဝေဒနာ ခံစားနေရပါတယ်။
2016-08-04
အိုင်အက်စ်အဖွဲ့က မလေးရှားနိုင်ငံက ရဲစခန်းတစ်ခုဆီ ခြိမ်းခြောက်စာပေးပို့ရာမှာ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေါ်အောင်ဆန်း စုကြည်နဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေးကို ပုံမှန်ထက်အလေးထားဆောင်ရွက်သွားမယ် လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ပြောပါတယ်။
2016-08-04
မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေကို ဖမ်းဆီးအရေးယူဖို့၊ အသိပညာပေးမှုတွေဆောင်ရွက်ဖို့နဲ့ မူးယစ် ဆေးသုံးစွဲသူတွေအတွက် ပြန်လည်ထူထောင်ရေးဌာနတွေ ဖွင့်လှစ်ပေးဖို့ အဆိုကို အမျိုးသားလွှတ်တော်က သြဂုတ်လ ၂ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
2016-08-04
ဒီရက်ပိုင်းအတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ကြုံနေရတဲ့အခက်အခဲတွေနဲ့ ပတ်သက်ပြီး ဘယ်ဌာနတွေက ကူညီသင့်သလဲ၊ အလုပ်သမားတွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ၊ လွှတ်တော်မှာကော ဘာတွေဆောင်ရွက်နေပါသလဲ။
2016-08-04
အခုအခါ ISIS ခေါ် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့ဟာ အရှေ့အလယ်ပိုင်းမှာ အမာခံ အခြေစိုက်စခန်းတွေ ဆုံးရှုံးကုန်တာကြောင့်၊ အရှေ့တောင်အာရှဘက်ကို ဦးလှည့်လာဖွယ်ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
2016-08-04
အစ္စလာမ်အစွန်းရောက် အကြမ်းဖက် ISIS အဖွဲ့က ပစ်မှတ်ထားတဲ့အထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နာမည် ပါဝင်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဘယ်လိုပြင်ဆင်ထားသင့်သလဲဆိုတာတွေနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုမှာနေထိုင်တဲ့ သံတမန်ဟောင်းတစ်ဦးလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အရာရှိဟောင်းတစ်ဦးလည်းဖြစ်တဲ့ ဦးအောင်လင်းထွဋ် ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်၊
2016-08-03
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်တွေနဲ့ အစိုးရတပ်မတော်တို့ ပူးပေါင်းနိုင်မည့် ပြည်ထောင်စု တပ်မတော်တရပ် ဖြစ်ပေါ် လာဖို့ နည်းလမ်းရှာတဲ့အနေနဲ့ NCA အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့က ခေါင်းဆောင် ကိုယ်စားလှယ်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုင်ငံတကာ တတ်သိပညာရှင်တွေနဲ့ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။
2016-08-03
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ စက်မှုဇုန် ၁ မှာရှိတဲ့ Next Star အထည်ချုပ်စက်ရုံမှာ တစ်ရက်လုပ်အားခ ကျပ် ၃၆၀၀ တိုးပေးဖို့ တောင်းဆိုမှုကြောင့် အလုပ်ထုတ်ခံရတဲ့ အလုပ် သမားခေါင်းဆောင် ၃ ဦးကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ် သမား တစ်ရာနီးပါးက ဆန္ဒပြတောင်းဆိုနေပါတယ်။
2016-08-03
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ကိုးကန့် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံ ထားရပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားသူ ၉သောင်းကျော်ရှိ တယ်လို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေ က ပြောပါတယ်။
2016-08-03
တရားရုံးတွေမှာ ကန့်သတ်ထားတဲ့ အမှုတွေကလွဲပြီး ကျန်တဲ့အမှုကိစ္စတွေ ကို ပြည်သူတွေအနေနဲ့ တက်ရောက်နားထောင်ခွင့် ရှိကြောင်းနဲ့ တားဆီးမှုတွေရှိလာရင် တိုင် ကြားနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့် က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
2016-08-03
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းတွေကို တောင်သူတွေ လုပ်ကိုင် ခွင့်ရရှိအောင် ပြည်နယ်အစိုးရက လယ်ယာမြေတွေ ဖော် ထုတ်ခွဲဝေပေးဖို့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းပြီး တိုက်တွန်းလိုက်ပါတယ်။
2016-08-03
နှစ်စဉ်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေ နဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေကို ဖြေ ရှင်းပေးဖို့နဲ့ တိမ်ကောနေ တဲ့ မြစ်ချောင်းတွေကို ပြန်လည်တူးဖော်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့ အဆိုကို အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကျော်ထွေးက ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။