ရေလျှံမှုနဲ့ ရေပြတ်မှု လွှတ်တော်တင်ပြ
2016.08.03

နှစ်စဉ်ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှုတွေနဲ့ သောက်သုံးရေ ပြတ်လပ်မှုတွေကို ဖြေရှင်းပေးဖို့နဲ့ တိမ်ကောနေ တဲ့ မြစ်ချောင်းတွေကို ပြန်လည်တူးဖော်ဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းတဲ့အဆိုကို အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွေး က ဒီကနေ့ အမျိုးသားလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
ကျေးလက်ဒေသမှာ မိုးတွင်းမှာရေးကြီးလို့ ထမင်းငတ်တဲ့အပြင် နှစ်စဉ်လိုလို ခြောက်သွေ့ရာသီမှာ သောက် သုံးရေပြတ်လပ်တာ အစဉ်အလာလိုဖြစ်နေတယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွေး က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ကျေးလက်နေ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေအဖို့ မိုးတွင်းမှာရေကြီးလို့ စပါးပျက်၊ အသီးအနှံတွေ ပျက်ရုံတင်မကဘဲ တဖက်မှာလည်း ခြောက်သွေ့ရာသီတိုင်းမှာ နိုင်ငံနဲ့တဝှမ်း သောက်သုံးရေရှားပါးပြတ်လတ်မှု ဒုက္ခကို ခါးစည်းခံစားနေရပြန်တယ်၊ လူတိုင်းနားလည်သိရှိနေတဲ့ အညာဒေသ ရေရှားရပ်ဝန်းတွေတင်မကဘဲ ရန်ကုန်ရဲ့တဖက်ကမ်း ဒလ၊ ဆိပ်ကြီး ခနောင်တို မြို့နယ်တွေမှာတောင် နှစ်တိုင်းလိုလို သောက်သုံးရေပြတ် လတ်နေတာ အခုဆိုအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ"
ပြည်သူတွေဟာ သဘာဝဘေးဖြစ်လာရင် ကူညီပေးတဲ့သူတွေကို ကျေးဇူးတင်မှာဖြစ်ပေမယ့် ဘေးမဖြစ်ရအောင် ကြိုတင်ပြင်ဆင်ပေးတဲ့ အစိုးရမျိုးကို မျှော်လင့်နေကြမှာဖြစ်တယ်လို့လည်း ကိုယ်စားလှယ် ဦးကျော်ထွေး က ပြောပါတယ်။
အဲ့ဒီအဆိုကို ကန့်ကွက်သူမရှိတဲ့အတွက် လွှတ်တော်မှာ လက်ခံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။