သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-28
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ခါနီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ခေါင်းညိတ်လက်ခံလာအောင် စစ်ရေးအရဖိအားပေးပြီး တိုက်ပွဲတွေဖြစ်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်ဟာ မှားယွင်းတဲ့အမြင်ဖြစ်တယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။
2017-12-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကယားပြည်နယ် လွိုင်ကော်မြို့မှာ မနက်ဖြန် ကျင်းပမယ့် ငြိမ်းချမ်းရေး စကားဝိုင်း ခရီးစဉ်အတွင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP က သီးသန့်တွေ့ဆုံခွင့် တောင်းထားတယ်လို့ KNPP က ပြောပါတယ်။
2017-12-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို မနက်ဖြန် သွားရောက်ရာမှာ လူငယ်တွေအပြင် ဘာသာရေးခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေနဲ့လည်း တွေ့ဆုံသွားမှာဖြစ်တယ်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။
2017-12-28
"အလိဇီ"လို့ အမည်ပေးထားတဲ့ ရခိုင်စကားပြော မူးယစ်ပညာပေးဇာတ်လမ်းမှာ ရဲအရာရှိတွေပါဝင် သရုပ်ဆောင်ရမယ့် ကိစ္စနဲ့ပတ်သက်ပြီး နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ခွင့်ပြုချက် တောင်းခံထားရာမှာ ခွင့်ပြုချက်မပေးတာကြောင့် အခက်အခဲတွေဖြစ်နေရတယ်လို့ ဇာတ်လမ်း ရိုက်ကူးနေတဲ့ လူငယ်ဒါရိုက်တာ မင်းစုစံက ပြောပါတယ်။
2017-12-28
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာ ပတ်ဝန်းကျင်တဝိုက်မှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတပ်ဖွဲ့တွေအကြား မြေပြင်မှာ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ မရှိကြောင်းနဲ့ တနိုင်းဒေသဘက်မှာ ရွှေနဲ့ သဘာဝသယံဇာတ ပစ္စည်းတွေကို တရားမဝင် ထုတ်ယူမှုတွေရှိတာကြောင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်တာရှိတယ်လို့ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောပါတယ်။
2017-12-28
နေပြည်တော်က လွှတ်တော်အဆောက်အဦးကို မောင်းသူမဲ့ လေယာဉ်ငယ် (ဒရုန်း) နဲ့ရိုက်ကူးဖို့ ကြိုးစားတဲ့အတွက် ဖမ်းဆီးခံထားရသူ လေးဦးအပေါ် သွင်းကုန် ပို့ကုန်ဥပဒေ၊ လဝက ဥပဒေတွေနဲ့ တရားစွဲဆိုထားတာကို ပြန်လည် ရုပ်သိမ်းဖို့ ဇမ္ဗူသီရိမြို့နယ် တရားရုံံးက ဒီကနေ့ ခွင့်ပြုလိုက် ပါတယ်။
2017-12-28
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မ ၃နဲ့ ဖမ်းဆီးခံရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး ရမန်ယူ ခဲ့ပါတယ်။
2017-12-28
ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးပေးတဲ့ စီမံချက်ကာလအတွင်း အသက် ၉ လ ကနေ ၁၅ နှစ် အရွယ် ကလေးငယ် ၁၃ သန်းကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပြီးတော့၊ ကာကွယ်ဆေး လာရောက်မထိုးတဲ့ ကလေးငယ် အရေအတွက် ၁ သန်း နီးပါး ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
2017-12-27
ကယားပြည်နယ်မှာ ကျင်းပဖို့ ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ့် လူငယ်စကားဝိုင်းအတွက် လူရွေးချယ်ရာမှာ ပွင့်လင်မြင်သာမှုမရှိဘူးလို့ ဒေသခံ အရပ်ဘက်အဖွဲ့အချို့က ဝေဖန်နေကြပါတယ်။
2017-12-27
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။
2017-12-27
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးတဲ့ စီမံချက်ကာလအတွင်း အသက် ၉ လ ကနေ ၁၅ နှစ် အရွယ် ကလေးငယ် ၁၃ သန်းကျော်ကို ဆေးထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး လာမထိုးတဲ့ကလေးငယ် ၁ သန်း နီးပါးရှိတယ်လို့ ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။
2017-12-27
ဖမ်းဆီးခံနေရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီကနေ့ မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ရမန်ယူရုံးထုတ်ခဲ့ပေမဲ့ ရှေ့နေတွေနဲ့ မိတ်ဆက်ရုံတာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။
2017-12-27
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့်လိုက်တဲ့ အခြေအနေနဲ့ မောင်တောရဲ့ လက်ရှိလုံခြုံရေးအခြေအနေ အပါအဝင် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ မွတ်စလင်တွေ ပြန်လာမယ့်ကိစ္စနဲ့ ပတ်သက်ပြီး မောင်တောခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-12-27
ပညာရေးဝန်ကြီးဌာန လက်အောက်ခံဝန်ထမ်းတွေကို ပြည်ပပညာတော်သင်၊ သင်တန်းနဲ့ အစည်းအဝေးတွေ ဖိတ်ကြားရာမှာ နံမည်တပ်ဖိတ်တာကို လက်မခံတော့ဘူးလို့ ကန့်သတ်ချက်ထုတ်လိုက်တာဟာ ဒီမိုကရေစီပညာရေးနဲ့ ဗဟိုချုပ်ကိုင်မှုလျော့ချရေးဆီ ဦးတည်နေချိန်မှာ ခေတ်နောက်ပြန်သွားတာဖြစ်တယ်လို့ ပညာရေးနယ်ပယ်ကလူတွေက ဝေဖန်ထောက်ပြကြပါတယ်။ မခက်မာ ဆက်လက်တင်ပြပါလိမ့်မယ်။
2017-12-27
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန့်ကပိမြို့နယ်က စက်ရုံတစ်ရုံကနေ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၃၉၀ ယောက်ဟာ သူတို့အလုပ်လုပ်ခွင့် ပြန်ရရေးနဲ့ နစ်နာဆုံးရှုံးမှု အခွင့်အရေးတွေ အပြည့်အဝပြန်ရဖို့အတွက် ဒီကနေ့ မနက် ၁၀ နာရီက ဘန်ကောက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။