ရိုက်တာ သတင်းထောက် နှစ်ဦးကို ရုံးထုတ်
2017.12.27
နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပါတယ်။ ရုံးထုတ်ကို လာရောက်သတင်းယူကြတဲ့ သတင်းသမားတွေက ရိုက်တာသတင်းထောက် ၂ ဦး ဖမ်းဆီးခံထားရတဲ့အပေါ် ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ အနက်ရောင် တီရှပ်တွေ ဝတ်ဆင်ခဲ့ကြပါတယ်။
ရုံးထုတ်ကို လာရောက်သတင်းယူကြတဲ့ သတင်းသမားတွေရဲ့အသံကို RFA သတင်းထောက် ကိုထက်အာကာ က စုစည်းတင်ပြထားပါတယ်။