ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးအကြောင်း မေးမြန်းချက်
2017.12.27
ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးတဲ့ စီမံချက်ကာလအတွင်း အသက် ၉ လ ကနေ ၁၅ နှစ် အရွယ် ကလေးငယ် ၁၃ သန်းကျော်ကို ဆေးထိုးပေးနိုင်ခဲ့ပြီး ကာကွယ်ဆေး လာမထိုးတဲ့ကလေးငယ် ၁ သန်း နီးပါးရှိတယ်လို့ ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦး က ပြောပါတယ်။
ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာအောင်နိုင်ဦး ကို RFA သတင်းထောက် မဝေမာထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။