အလုပ်ထုတ်ခံ မြန်မာလုပ်သား ၃၀၀ ကျော် ဘန်ကောက်မှာ ဆန္ဒပြ
2017.12.27
ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ဘန့်ကပိမြို့နယ်က စက်ရုံတစ်ရုံကနေ အကြောင်းပြချက်မရှိဘဲ အလုပ်ထုတ်ခံလိုက်ရတဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမား ၃၉၀ ယောက်ဟာ သူတို့အလုပ်လုပ်ခွင့် ပြန်ရရေးနဲ့ နစ်နာဆုံးရှုံးမှု အခွင့်အရေးတွေ အပြည့်အဝပြန်ရဖို့အတွက် ဒီကနေ့ မနက် ၁၀ နာရီက ဘန်ကောက်မြို့ရှိ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးရှေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြပါတယ်။ RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားပါတယ်။