သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-09-27
ရန်ကုန်မြို့က ဗိုလ်ချုပ်ဈေးနဲ့ ရွှေပြည် စုံဈေးမှာ ကျပ်သိန်းပေါင်း ၃သောင်း နီးပါးရှိတဲ့ BPI ဆေးဝါးအတုတွေ၊ သက်တမ်းလွန်ဆေး ဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြီးခဲ့တဲ့ သြဂုတ်လကုန်က ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြောပါတယ်။
2016-09-27
ဧရာဝတီမြစ်ဆုံ မြစ်ညှာတွေမှာ ဆောက် လုပ်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းပေးဖို့ ချီဖွေမြို့နယ် နဲ့ ဆော့လော်မြို့နယ် ဒေသခံတွေက နိုင်ငံတော် သမ္မတထံ ဒီကနေ့ စာတင်ပြတောင်းဆိုလိုက်ပါတယ်။
2016-09-27
၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကို တက်ရောက်ဖို့အတွက် အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၅ ရက်နေ့၊ ည ၁ဝ နာရီခွဲလောက်မှာ ရန်ကုန်မြို့ ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
2016-09-27
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဖားကန့်မှာ နိုင်ငံတော် က ပြဌန်းထားတဲ့ ကျောက်မျက်ဥပဒေပါ အချက် အလက်တချို့ကို ကျောက်မျက်တူးဖေါ်ရေးဌာနက၊ပြည်သူများ လိုက်နာရန် ဆိုပြီး ကြော်ငြာဆိုင်းဘုတ်များ တင်လိုက် ပါတယ်။
2016-09-27
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြေယာအမှု နဲ့ပတ်သက်တဲ့ တိုင်ကြားစာ ၅၀၀၀ ခန့် ရောက် ရှိနေပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အဲဒီအမှုတွေကို စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ညွန်ကြားလိုက်ပါတယ်။
2016-09-27
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို တိုင်းအစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ညွှန်ကြားလိုက်ပါတယ်။
2016-09-27
ရန်ကုန် ကျောက်တံတားမြို့နယ်က အင်းဝ အပ်ချုပ် ဆိုင်မှာ အိမ်အကူလုပ်ကိုင်နေတဲ့ မိန်းကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန် မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့ လွှတ်တော်က စက်တင်ဘာလ (၂၆) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-27
ရန်ကုန် ကျောက်တံတားမြို့နယ်က အင်းဝ အပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေး နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ကိစ္စနဲ့ပတ် သက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တချို့ကို ထိထိရောက်ရောက် အရေးယူပေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့ လွှတ်တော်က ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-27
ဒီကနေ့ စတင်ကျင်းပတဲ့ မကွေးတိုင်းဒေသကြီး လွှတ်တော် ပုံမှန်အစည်း အဝေးမှာ တိုင်းအစိုးရ အဖွဲ့ရဲ့ ခြောက်လပတ် အစီရင်ခံစာကို တင်သွင်းရာ မှာ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှုကို လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ ထည့်သွင်းဖော်ပြထားတဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ်တွေ က ထောက်ပြ ဝေဖန်ခဲ့ကြပါတယ်။
2016-09-27
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် နန်စီဘွန်ဒေသမှာ ရေမဆေးကျောက် ရှာဖွေသူတွေကို ကျောက်မျက်ဥပဒေ နဲ့ လိုက်လံ ဖမ်းဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့၊ တရားဝင် လုပ်ကိုင်ခွင့်ပေးဖို့အတွက် ရေမဆေးကျောက်ရှာသူ နှစ်ထောင်လောက် ခန္တီးမြို့မှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-09-26
မြန်မာ့ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂ ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေး မှု အမွေအနှစ်နေရာအဖြစ် သတ်မှတ်ဖို့ အလွန်နီးစပ်နေပြီလို့ ယူနက်စကို အရာရှိတစ်ဦးကပြော ဆိုကြောင်း AFPသတင်းကဖေါ်ပြပါတယ်။
2016-09-26
စစ်ကိုင်းတိုင်း ခန္တီးခရိုင် နန်စီဘွန်ဒေသ က ရေမဆေးကျောက်ရှာဖွေသူတွေ ကို ကျောက်မျက်ဥပဒေနဲ့ လိုက်လံဖမ်း ဆီးနေတာတွေ ရပ်တန့်ပေးဖို့နဲ့ တရားဝင်လုပ်ကိုင်ခွင့် ရရှိဖို့ ရေမဆေးလုပ်သား နှစ်ထောင်က ဒီကနေ့ ခန္တီးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-09-26
လယ်ယာမြေသိမ်းဆည်းခံရမှု၊ မြေယာ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြား စာ ၅ ထောင်ခန့် ရောက်ရှိနေပြီး အဲဒီတိုင်ကြား စာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်စိစစ်ဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့က ညွှန်ကြားလိုက်ပါ တယ်။
2016-09-26
အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ လုပ်ကိုင်နေတဲ့ မိန်းကလေးနှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်အချို့ကို ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းတဲ့ အဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2016-09-26
ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဗဟိုကော်မတီဝင် ခိုင်မျိုးထွန်းကို စစ်တွေတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး တရားလိုကို စစ်ဆေးခဲ့ပါတယ်။