ရန်ကုန်တိုင်းအတွင်း မြေယာ အငြင်းပွားမှု ၅ ထောင်ခန့်ရှိ
2016.09.27
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မြေယာအမှုနဲ့ပတ်သက်တဲ့ တိုင်ကြားစာ ၅၀၀၀ ခန့် ရောက်ရှိနေပြီး သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အဲဒီအမှုတွေကို စိစစ်ဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွန်ကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေကို မနေ့က ခေါ်ယူတွေ့ဆုံပြီး ညွှန်ကြားလိုက်တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ဒလမြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။