ဝန်းသိုမြို့နယ်က တရားမဝင် ရွှေတူးဖော်မှုတွေကို ခုံရုံးဖွဲ့ စစ်ဆေးမည်
2016.09.27
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်မှာ တရားမဝင်ရွှေတူးဖော်နေတဲ့ လုပ်ငန်းတွေကို တိုင်းအစိုးရအဖွဲ့က အထူးစုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ညွှန်ကြားလိုက်ပါတယ်။
တိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့အတူ ရွှေလုပ်ကွက်တွေကို သွားရောက်စစ်ဆေး ခဲ့တဲ့ ဝန်းသိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။