သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-28
ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကလျာစိုးဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-28
ဒီနေ့ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၇ နှစ်မြောက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် ဖေါ်ဆောင်နိုင်မယ့်ပါတီအဖြစ် ရပ်တည်သွားမယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။
2015-09-28
ရွေးကောက်ပွဲကော်မရှင်အသီးသီးကထုတ်ပြန်ပေးတဲ့ မဲဆန္ဒရှင်စာရင်းအမှားတွေနဲ့ ကျင်းပ မယ့် ရွေးကောက်ပွဲဟာ တရားမျှတမှာမဟုတ်သလို၊ ရလာဒ်ကလည်း မကောင်းနိုင်ဘူးလို့ လေ့လာစောင့် ကြည့်သူတွေ က ပြောကြပါတယ်။
2015-09-27
မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ် အမ်းမြို့နယ်ထဲက ကျေးရွာ ၈ ရွာမှာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ဖို့ အရင်းအနှီးလိုအပ်နေသူတွေ အတိုးနှုန်းသက်သာစွာနဲ့ ငွေချေးနိုင်ဖို့ တစ်ရွာကို ကျပ်သိန်း ၃ဝဝ စီ တနင်္ဂနွေနေ့က ထုတ်ချေးပေးခဲ့ပါတယ်။
2015-09-27
အခုအခါ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေပြုလုပ်နေ ကြချိန်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလူငယ်တွေ ရဲ့ စိတ်ဝင်စားမှု၊ ပါဝင်ကြိုးပမ်းမှုတွေ အကြောင်းကို အင်အယ်လ်ဒီပါတီ မဲစာရင်းစိစစ်ရေး အဖွဲ့ ဒု-ဥက္ကဌ ကိုမျိုးရန်နောင်သိန်း၊ အမျိုးသား လူငယ်ကွန်ဂရက်စ် အဖွဲ့က မသဉ္ဇာရွှန်းလဲ့ရည်နဲ့ ရန်ကုန်တိုင်းစ် သတင်း စာလူငယ်မီဒီယာသမား စိုင်းထွန်းအောင်လွင်တို့နဲ့ အတူ ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထား ပါတယ်။
2015-09-27
ဧရာဝတီတိုင်းဒေသကြီး ဟသာၤတခရိုင်မှာ မဲပေးခွင့်ရှိသူဦးရေ ရှစ်သိန်းကျော်ရှိတဲ့ အထဲက လူပေါင်း လေးသောင်းလောက်က မဲစာရင်းလာ ကြည့်ပြီး လာကြည့်သူတွေထဲက ၄ ထောင်ကျော်ရဲ့ စာ ရင်းတွေ မှားယွင်းနေတယ်လို့ ဟသာၤတခရိုင် ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ဦးဝင်းမောင် က ပြောပါတယ်။
2015-09-27
ကချင်အထူးဒေသ ( ၁ ) ထာဝရငြိမ်း ချမ်းရေးနယ်မြေအတွင်း နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရေး မလုပ်ဖို့ တားမြစ်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်းကို အရေးယူပေးဖို့ အဲ့ဒီဒေသတွေဘက်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေက ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားလိုက်ပါတယ်။
2015-09-27
မြန်မာ့နိုင်ငံရေးအပြောင်းအလဲကို အမှန် တကယ် လက်တွေ့ကျကျ ပြုလုပ်ပေးနိုင် တဲ့ နိုင်ငံရေးပါတီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပဲဖြစ်တဲ့အတွက် ထောက်ခံ အားပေးကြဖို့ NLD တည်ထောင်တဲ့ ၂၇နှစ်မြောက်နေ့ အခမ်းအနားမှာ ကြေငြာ ချက်ထုတ်ပြန်လိုက်ပါတယ်။
2015-09-27
အင်းလေးကန်ရေရှည်တည်တံ့ ဖို့ ဆောင်ရွက်နိုင်ရေး လက်မှတ်ကောက်ခံ ခဲ့တာတွေကို သမ္မတဆီတင်ပြမယ်လို့ ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့မြစ်ချောင်းအင်းအိုင်များနေ့မှာ ရှမ်းပြည်နယ်အမျိုးသမီးကြီးများအဖွဲ့က ပြောပါတယ်။
2015-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကိုင်း တိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် ထမံသီ ရွေးကောက်ပွဲအောင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့ပါတယ်။
2015-09-27
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ ဒီမိုကရက်ပါတီ (မြန်မာ) က ပါတီလက်ကမ်းစာစောင်တွေကို ဝေငှပြီး ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-27
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိုနှိုင်းရေးအဖွဲ့ SD တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ စက်တင်ဘာလ ၂၈ ရက်ကနေ ၃ဝ ရက်အထိ ၃ ရက်ကြာကျင်းပသွားမှာဖြစ်ပါတယ်။
2015-09-27
ကချင်ပြည်နယ် ချီဖွေ၊ ဝိုင်းမော်နဲ့ ဆော့လော်မြို့နယ်တွေက ကျေးရွာတွေမှာ နိုင်ငံရေး ပါတီတွေက လွှတ်တော်ကိုယ်စား လှယ်လောင်းတွေ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ကချင်ပြည်နယ်အထူးဒေသ (၁) ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းက တားမြစ်တဲ့စာတွေ ထုတ်ပြန်လိုက်တာဟာ တရားဥပဒေနဲ့ မညီဘူးလို့ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။
2015-09-27
အန်အယ်လ်ဒီကို မဲပေးရင် ဝန်ထမ်းတွေ ရာထူး မတက်တော့ဘူးဆိုပြီး ဌာနဆိုင်ရာတွေမှာ ခြိမ်းခြောက်မှုတွေရှိနေတယ်လို့ သိရကြောင်းနဲ့ လျှို့ဝှက်မဲဖြစ်တာကြောင့် ဘယ်ပါတီကိုပေးတယ် ဆိုတာ မသိနိုင်ကြောင်း ဒါကြောင့် ဌာနဆိုင်ရာ ဝန်ထမ်းတွေ သတ္တိရှိကြပါလို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။
2015-09-26
ကချင်ပြည်နယ်မှာ အခုလအလယ်လောက်က စတင်ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ KIA အဖွဲ့တွေအကြား တိုက်ပွဲတွေဟာ မန်စီမြို့နယ်အတွင်းမှာ ပိုမိုပြင်း ထန်လာနေပြီး မနေ့ကဆိုရင် အစိုးရတပ်တွေက မန်စီမြို့ထဲက ကုန်းမြင့်တွေကနေ KIA တပ်စခန်း ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။