အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ မြှင့်တင်မယ်လို့ ဒီမိုကရက်တစ်ပါတီပြော
2015.09.27
ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှာ ဒီမိုကရက်ပါတီ (မြန်မာ) က ပါတီလက်ကမ်းစာစောင်တွေကို ဝေငှပြီး ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)က စမ်းချောင်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် ပါတီဥက္ကဌ ဦးသု ဝေ၊ အမျိုးသားလွှတ်တော်အတွက် ဒေါ်မျိုးပပလင်း၊ တိုင်းဒေသကြီး အတွက် ဒေါ်စိန်ကျော့နုနဲ့ ဦးကျော်သန်းတို့က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဒီမိုကရက်တစ်ပါတီ(မြန်မာ) ဥက္ကဌ ဦးသုဝေကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။