ဖက်ဒရယ်ပြည်ထောင်စုပါတီ မဲဆွယ်စည်းရုံး
2015.09.28
ဖက်ဒရယ်ပြည်ထောင်စုပါတီ FUP က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ကလျာစိုးဟာ ဒီကနေ့ သူ့ရဲ့မဲဆန္ဒနယ်မြေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်စည်းရုံးခဲ့ပါတယ်။
တိုင်းရင်းသားပါတီ ၂၃ ပါတီနဲ့စုဖွဲ့ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီကနေ မင်္ဂလာတောင်ညွန့် မြို့နယ်မှာ ပြည်သူ့လွှတ်တော်အတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်ငြိမ်းငြိမ်း၊ တိုင်းဒေသကြီး လွှတ်တော်နေရာအတွက် ဒေါ်ကလျာစိုးနဲ့ စာရေးဆရာ ဟိန်းလတ်တို့က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ကလျာစိုး ကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။