သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-09-23
နိုင်ငံရဲ့ ကောင်းကျိုးအတွက် လူငယ်တွေ ဗဟုသုတနဲ့ အသိအမြင် ကြွယ်ဝအောင် လုပ်ရမယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2011-09-22
ဗြိတိန်နိုင်ငံ အခြေစိုက် The Royal Institute of International Affairs နိုင်ငံတကာ ရေးရာ တော်ဝင်အသင်းက နှစ်စဉ် ချီးမြှင့်နေတဲ့ Chatham House Prize ခေါ် နိုင်ငံတကာ ဆက်ဆံရေး ဂုဏ်ပြုဆု အတွက် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ကြောင်း မနေ့က ကြေညာလိုက်ပါတယ်။
2011-09-22
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဉာဏ်ပညာ အင်မတန် ထက်မြက်သူ ဖြစ်တဲ့အတွက် မိမိတို့ အင်မတန် လေးစားရပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး ဆိုင်ရာ အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က RFA ကို ပြောကြားလိုက်ပါတယ်။
2011-09-22
အနောက်နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ အပေါ် နီးနီးကပ်ကပ် ဆက်ဆံပြီး အစိုးရသစ်ရဲ့ ပြုပြင် ပြောင်းလဲမှုတွေကို အားပေးသင့်တယ်လို့ ICG ခေါ် နိုင်ငံတကာ ပဋိပက္ခ လေ့လာရေးအဖွဲ့က မနေ့က ပြောဆိုပါတယ်။
2011-09-22
အစိုးရပိုင် နေ့စဉ်ထုတ် မြန်မာ့အလင်း သတင်းစာကို ရန်ကုန်မြို့မှာ တရားမဝင် ခိုးရိုက်ပြီး ဖြန့်ချိရောင်းချနေကြတဲ့ ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းက ဝန်ထမ်း ၅ ဦးကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
2011-09-22
ရန်ကုန်သိမ်ကြီးဈေးမှာ ဒီကနေ့ နေ့ခင်းက ဧရာဝတီကို ကယ်တင်ကြ ဆိုတဲ့ စာရွက်စာတမ်း ဖြန့်ဝေခဲ့သူ ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ် ကိုနေလင်းဦးကို ပန်းပဲတန်း ရဲစခန်းက ခေါ်ယူ စစ်ဆေးခဲ့ကြောင်း နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2011-09-22
ပြည်ထောင်စု သားသမီးအားလုံး သွေးစည်း ညီညွတ်ရေး အတွက် ဧရာဝတီ အစဉ်တည်ရှိပါစေလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ ဆန္ဒပြုလိုက်ပါတယ်။
2011-09-21
ထိုင်း မြန်မာနယ်စပ်က မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန် ပြည်ထောင်စုက အကူအညီတွေ ဆက်လက် ပံ့ပိုးသွားမှာ ဖြစ်သလို၊ ဒီနှစ် တတိယနိုင်ငံရွှေ့ပြောင်း အခြေချရေး အစီအစဉ် အတွက်လည်း ဒုက္ခသည် တစ်သောင်း ခေါ်ယူမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Kristie Kenney က မနေ့က ပြောကြားလိုက်ပါတယ်။
2011-09-21
မြန်မာနိုင်ငံမှာ လွတ်လပ်မှုကို ဦးတည်တဲ့ ကနဦး ခြေလှမ်းတွေ စတင် ပေါ်ထွက်နေပြီလို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပနေတဲ့ Clinton Global Initiative (CGI) နှစ်ပတ်လည် ညီလာခံမှာ ပြောကြားလိုက်ပါတယ်။
2011-09-21
ကားဟောင်းပိုင်ရှင်တွေကို ပြည်ပက ကားဝယ်ယူ တင်သွင်းခွင့်ပြုမယ်လို့ အစိုးရက ကြေညာပြီးတဲ့နောက် မကွေးတိုင်း ချောက်မြို့နယ်မှာ အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး အတင်းအကြပ် ဝယ်ယူတာတွေ ရှိနေတယ်လို့ သိရပါတယ်။
2011-09-21
မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံး ပေါ်ပေါက်ဖို့ နဲ့ မြစ်ဆုံ ရေကာစီမံကိန်းကို ပြန်လည် သုံးသပ်ပြီး အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးဖို့ ဒီမိုကရေစီမိတ်ဆွေ (၁၀) ပါတီ အဖွဲ့က ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2011-09-21
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ မနေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံပြီး ၂ နိုင်ငံ မဟာဗျူဟာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2011-09-21
နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးခြင်းအားဖြင့်လည်း ရှေ့ဆက်ပြီး ငြိမ်းချမ်းရေးရဖို့ လမ်းစပေါ်အောင် ဆောင်ရွက်နိုင်စွမ်း ဖြစ်နိုင်ပါစေလို့ ဆုတောင်းပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားမှာ ပြောဆိုခဲ့ကြောင်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးတင်ဦးက RFA ကို ပြောပါတယ်။
2011-09-20
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။
2011-09-20
HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများကွန်ရက်က ဦးဆောင်ပြီး မန္တလေးမြို့မှာ လူ့အခွင့်အရေး ပညာပေး ဆွေးနွေးပွဲတစ်ခု ကျင်းပခဲ့တယ်လို့ သိရပါတယ်။