လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မယ်ဆိုရင် ကြိုဆိုမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ပြောကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် နိုင်ငံရေးမှာ ပါဝင်လာမယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော် အကြီးအကဲ ဦးခင်အောင်မြင့်က ပြောကြား လိုက်ပါတယ်။

2011.09.20
asean-khin-aung-myint-305 ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၀ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
RFA

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ကျင်းပနေတဲ့ (၃၂) ကြိမ်မြောက် အာဆီယံ ပါလီမန် အမတ်များ ညီလာခံကို တက်ရောက်နေတဲ့ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က RFA လွတ်လပ်တဲ့ အာရှအသံနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခန်းမှာ အခုလို ပြောသွားတာ ဖြစ်ပါတယ်။

"ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ချစ်တဲ့ ဗိုလ်ချုပ်ရဲ့ သမီးပဲလေ။ သူသာ လွှတ်တော်ထဲဝင်လာရင် ကျနော်တို့က ကြိုဆိုပါတယ်။"

ဒါ့အပြင် ဦးသိန်းစိန်အစိုးရ အဖွဲ့အတွင်း ပျော့ပျောင်းသူတွေနဲ့ တင်းမာသူတွေအကြား အကွဲအပြဲ ပဋိပက္ခတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ဘူးလို့ ဦးခင်အောင်မြင့်က ပြောပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတည်ငြိမ်မှုကို အာမခံနိုင်တဲ့ အချိန်မှာ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးမှာ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အလိုအလျောက်ထည့်သွင်းထားတာကိုလည်း မလိုအပ်တော့တဲ့အချိန်မှာ ထည့်သွင်းမှာ မဟုတ်ကြောင်း၊ ဧရာဝတီမြစ်ဆုံ ရေကာတာစီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရေး၊ မဖော်ရေးနဲ့ ပတ်သက်လို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း ဦးခင်အောင်မြင့်က ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။