ဧရာဝတီ အစဉ်တည်ရှိဖို့ ပန်းချီပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဆန္ဒပြု
2011.09.22

NLD
ရန်ကုန်မြို့ ဒဂုံမြို့နယ် ယောမင်းကြီးလမ်းမှာ ရှိတဲ့ Gallery 65 ပြခန်းမှာ ဒီနေ့ကစပြီး လာမယ့် တနင်္ဂနွေနေ့အထိ ကျင်းပမယ့် မြစ်တစင်း၏ပုံရိပ် The Sketch of a River အနုပညာပြပွဲ မှတ်တမ်းမှာ ရေးသားပြီး အခုလို ဆန္ဒပြုလိုက်တာလို့ ဒီပြပွဲကို တာဝန်ခံကျင်းပတဲ့ ပန်းချီနဲ့ ဒီဇိုင်းဆရာ စိုးဝင်းငြိမ်းက RFA ကို ပြောပါတယ်။
ပြပွဲမှာ ပန်းချီဆရာ၊ ဓာတ်ပုံဆရာ၊ ကာတွန်းဆရာ၊ ဂရပ်ဖစ် ပန်းချီဆရာနဲ့ ကဗျာဆရာ စုစုပေါင်း ၅၄ ဦးက ဖန်းတီးထားတဲ့ အနုပညာ ၁၄၀ ကျော်ကို ခင်းကျင်း ပြသထားပြီး ကဗျာဆရာတွေကတော့ ကဗျာပါ ရွတ်ဆို ကြတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်မှုနဲ့ ပတ်သက်လို့ နိုင်ငံရေး လူမှုရေးနယ်ပယ်နဲ့ အနုပညာရှင်တွေက အရှိန်အဟုန်နဲ့ ဆန့်ကျင် ဝေဖန်လာတဲ့အချိန် ဧရာဝတီနဲ့ပတ်သက်လို့ အခုလို ပန်းချီပြပွဲတခု ကျင်းပလိုက်တာ ဖြစ်ပါတယ်။
ပြသတဲ့ အနုပညာရပ် အားလုံးမှာ ဧရာဝတီမြစ်နဲ့ ဆက်စပ်တဲ့ ခံစားမှုတွေကို ဖော်ထုတ်ထားပြီး ကျယ်ကျယ်ပြန့်ပြန့် ကျင်းပတာလို့ ဆိုပါတယ်။
ဒီနေ့ ဖွင့်ပွဲနေ့မှာ လမ်းမပေါ်အထိ လူတွေပြည့်နေပြီး သတင်းထောက်တွေလည်း တိုးဝှေ့ ဓာတ်ပုံရိုက်ရတယ်လို့ သိရပါတယ်။ Green Hearts Environment Network သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးတဲ့ နှလုံးသားပိုင်ရှင်များ ကွန်ယက်အဖွဲ့က ကြီးမှူးပြီး ဒီပြပွဲကျင်းပတာပါ၊ ဒီပြပွဲက ရရှိမယ့် လှူဒါန်းငွေကို ဧရာဝတီမြစ်ရိုး တလျှောက် သစ်ပင်စိုက်ပျိုးရာမှာ အသုံးပြုမယ်လို့ သိရပါတယ်။
ဒီပြပွဲအကြောင်း ဒေါ်စမ်းစမ်းတင်ရဲ့ စုစည်းတင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |