မြစ်ဆုံစီမံကိန်း ပြန်လည်သုံးသပ်ဖို့ (၁၀) ပါတီ အဖွဲ့ တိုက်တွန်း

မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံး ပေါ်ပေါက်ဖို့ နဲ့ မြစ်ဆုံ ရေကာစီမံကိန်းကို ပြန်လည် သုံးသပ်ပြီး အများပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးဖို့ ဒီမိုကရေစီမိတ်ဆွေ (၁၀) ပါတီ အဖွဲ့က ဦးသိန်းစိန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။

2011.09.21
irrawaddy-boat-305-z.jpg ဧရာဝတီမြစ်ကမ်းမှ မြင်ကွင်း တခု။
RFA

ကချင်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ တစ်နိုင်ငံလုံးနဲ့ ပတ်သက်နေတဲ့ အပြင် အလွန် အရေးကြီးတဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ယူဆတာကြောင့် ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး အများပြည်သူတွေ သိရှိသင့်တယ်လို့ ယူဆတဲ့အတွက် အခုလို တောင်းဆိုတာ ဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ယူဒီပီ ဥက္ကဌ ဦးသိန်းတင်အောင်က ပြောပါတယ်။

အကျိုးသက်ရောက်မှှု ကြီးမားမှာ ဖြစ်တဲ့အတွက် သီးခြားလွတ်လပ်တဲ့ ဆိုင်ရာ ပညာရှင်တွေနဲ့ အချက်အလက်တွေ ပြည့်စုံအောင် စနစ်တကျ ရယူပြီး ပြည်သူတွေကိုလည်း ကြိုတင် သတိပေးဖို့၊ စုံစမ်းစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်သင့် မသင့်လေ့လာရန် တောင်းဆိုတာ ဖြစ်ကြောင်း ဦးသိန်းတင်အောင်က ပြောပါတယ်။

ဒါ့အပြင် နိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး အမြန်ဆုံး ပေါ်ပေါက်လာဖို့ အတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေး အယူအဆ မတူသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်တာတွေ၊ တွေ့ဆုံ ဆွေးနွေးတာတွေ အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ ပထမခြေလှမ်း အဖြစ် လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

ဒီမိုကရေစီ မိတ်ဆွေ ၁၀ ပါတီ အဖွဲ့ရဲ့ ဒီကြေညာချက်တွေ တိုက်တွန်းချက်တွေအကြောင်း ဒေါ်ခင်ခင်အိ စုစည်းတင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။