ဧရာဝတီကို ကယ်တင်ကြ စာတမ်း ဖြန့်ဝေခဲ့သူကို ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေး
2011.09.22
ကိုနေလင်းဦးဟာ အခုလ ၁၅ ရက် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကလည်း နိုင်ငံရေး တောင်းဆိုချက်တွေကို ဆန္ဒပြ တောင်းဆိုခဲ့အပြီး မူးယစ် ရမ်းကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒလမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးတာကို ခံခဲ့ရပြီး အာမခံနဲ့ အမှုရင်ဆိုင်နေရသူ ဖြစ်ပါတယ်။
NLD မှာ ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ ဒီမိုကရေစီနေ့ကို တက်ရောက်ပြီး အပြန်မှာ ဧရာဝတီ ပန်ကြားချက်၊ ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေး သဝဏ်လွှာတို့ကို ဖတ်ပြီး နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြွေးကြော်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သူ့အမှုကို မနက်ဖြန်မှာ စီရင်ချက်ချဖို့ ရှိတယ်လို့လည်း သိရပါတယ်။