သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-08-27
ရန်ကုန်မြို့ စက်ရုံအလုပ်သမားအများစုဟာ စစ်ကောင်စီက စီစဉ်ထိုးပေးနေတဲ့ တရုတ်ကာကွယ်ဆေးအပေါ် စိုးရိမ် မှုတွေရှိပေမယ့် တစ်ဘက်မှာ ကာကွယ် ဆေးထိုးဖို့ ဖိအားပေးခံရတာတွေလည်းရှိနေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင် ရွက်နေသူတွေက RFA ကို ဒီနေ့ ပြောပါတယ်။
2021-08-27
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ အခုဆိုရင် အချိန် ခုနစ်လနီးပါး ကြာလာခဲ့ပါပြီ။ အာဏာသိမ်းမှုရဲ့ အကျိုးဆက်တွေကြောင့် သာမန်လက်လုပ် လက်စားတွေဟာ ဝမ်းရေးအတွက် ပိုပြီးခက်ခဲကျပ်တည်းလာကြတယ်လို့ ပြောကြပါတယ်။
2021-08-27
ရန်ကုန် ယုဇနဥယျာဉ်မြို့တော်မှာ စစ်ကောင်စီသတင်းပေးလို့ ဒေသခံတွေအကြား ပြောဆိုခံနေရတဲ့ အသက် ၄၀ ဝန်းကျင် ဦးမျိုးမြင့် ဟာ ဩဂုတ်လ ၂၆ ရက်နေ့ မနေ့ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-08-27
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က ဩဂုတ်လ ၂၆ ရက်နေ့ မနေ့ မနက် ၁၀ နာရီမှာ သိမ်းယူခဲ့တယ်လို့ KNU ဒူးပလာယာခရိုင်က ထုတ်ပြန်ပါ တယ်။
2021-08-27
ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်တွီကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်အဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF အဖွဲ့က ပြောပါတယ်။
2021-08-27
ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုတွေ ရှိနေသေးတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ အခွင့်အရေးရ ကာကွယ်ဆေးအမြန်ဆုံးထိုးကြဖို့ကို ရက္ခိုင့်တပ်တော် (AA) က သြဂုတ်လ ၂၆ ရက်နေ့ မနေ့က ထုတ်ပြန်ချက်ထုတ်ပြီး တိုက်တွန်းလိုက်ပါတယ်။
2021-08-26
သြဂုတ်လ ၂၅ ရက်က အွန်လိုင်းကနေ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တဲ့ လေးနှစ် မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကမ္ဘာအရပ်ရပ်က ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေ တက်ရောက်စကားပြော ခဲ့ကြပြီး၊ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန်ဟောင်း မစ္စ ယန်ဟီးလီနဲ့ မြန်မာနိုင်ငံက လူငယ်လှုပ်ရှားသူတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေကလည်း တက်ရောက်ပြီး ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်တွေ အတွက် ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။
2021-08-26
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက “5 Million Raffle Ticket Challenge” ဆိုတဲ့ နံမည်နဲ့ ကံစမ်းမဲဖေါက်မယ့် လက်မှတ်တွေကို သြဂုတ်လ ၁၂ ရက်နေ့ကစပြီး ရောင်းချနေပါတယ်။
2021-08-26
ကယား (ကရင်နီ) ပြည်နယ်က ပြည်သူလူထုရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူ့ရဲ ဝန်ဆောင်မှု တွေကို ပေးနိုင်ဖို့ ကရင်နီပြည်နယ်ရဲ (Karenni State Police – KSP) ကို စစ်အာဏာသိမ်းမှုကို ဖီဆန်ဆန့်ကျင်တဲ့ CDM ရဲ ၃၂၀ နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
2021-08-26
အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသစ်က နိုင်ငံရေးပါတီ အချို့ရဲ့ ငွေကြေးနဲ့ ပိုင်ဆိုင်မှုတွေကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်က စတင်စစ်ဆေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အခုလိုစစ်ဆေးမှုကို လက်ခံမှာ မဟုတ်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။
2021-08-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ Mကောန်လဟာ ဩဂုတ်လ ၂၅ ရက် မနေ့ညနေက သူ့ရဲ့နေအိမ် ကနေ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-08-26
စစ်ကိုင်းတိုင်း ကလေးမြို့မှာ သြဂုတ်လ ၂၆ ရက် ဒီနေ့မှာ အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး လူ ၁၂ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
2021-08-26
စစ်ကိုင်းတိုင်း မုံရွာမြို့မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုသက်နိုင်စိုးကို စစ်ကောင်စီ အဖွဲ့ဝင်တွေက ဩဂုတ်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ မိသားစုကို အလောင်းလာထုတ်ခိုင်းခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2021-08-26
ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေရပ်စဲနေတာ အချိန်ကိုးလကျော်ရှိနေပမယ့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ကတော့ နေရပ်မပြန်နိုင်သေးကြပါဘူး။ သူတို့တွေဟာ အခုလက်ရှိ ကိုဗစ်ကပ်ဘေးတွေကြောင့်လည်း စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
2021-08-26
ချင်းပြည်နယ် ထန်တလန်မြို့ ရဲစခန်းအနီးမှာ သြဂုတ်လ ၂၅ ရက် မနေ့ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ထန်တလန် CDF အဖွဲ့တို့အကြား အပြန်အလှန်ပစ်ခတ် ရာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၀ နှစ်အရွယ် မောင်ဗန်ဘွေထန်ကို သြဂုတ်လ ၂၆ ရက်နေ့ ဒီနေ့မနက်ပိုင်းမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။