မင်းတပ်တိုက်ပွဲ CDF ဘက်က နှစ်ဦး သေဆုံး

2021.08.27
မင်းတပ်တိုက်ပွဲ CDF ဘက်က နှစ်ဦး သေဆုံး မင်းတပ် CDF အဖွဲ့ဝင်တွေကို တွေ့ရစဥ်
ဓါတ်ပုံ - CDF မင်းတပ်
ချင်းပြည်နယ် မင်းတပ်မြို့နယ် ပလိပ်တွီကျေးရွာမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်အဖွဲ့ CDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းတပ် CDF တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ မင်းတပ် CDF အဖွဲ့က ပြောပါတယ်။
 
အခုလက်ရှိမှာလည်း မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က အင်အားအများအပြား တိုးချဲ့နေတာတွေရှိနေတာ ကြောင့် နှစ်ဖက်စောင့်ကြည့်နေတဲ့အနေအထားမှာရှိတယ်လို့ မင်းတပ်မြို့ CDF အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။
 
“တိုက်ပွဲကတော့ ပြန်ဖြစ်လာဖို့ များတယ်။ စကစက အင်အားတိုးချဲ့နေတာ တော်တော်များတယ်။ အခု လည်း လက်နက်ကြီးတွေနဲ့ ပြင်ဆင်ပြီးတော့မှ သူတို့ ထိုးစစ်ဆင်ဖို့ ကြိုပြင်နေကြတယ်။ ဒီနေ့ကတော့ အခြေအနေ စောင့်ကြည့်တဲ့အနေအထားပဲ”
 
သြဂုတ်လ ၂၅ ရက်နေ့တိုက်ပွဲမှာ သေဆုံးတဲ့ CDF တပ်ဖွဲ့ဝင်နှစ်ဦးထဲက တစ်ဦးဟာ ဝမ်းဗိုက်မှာ ကျည်ထိမှန် သေဆုံးခဲ့တာဖြစ်ပြီး နောက်တစ်ဦးကတော့ ကနဦးအလောင်းကိုရှာမတွေ့ဘဲ သြဂုတ်လ ၂၆ ရက် မနေ့ နေ့လယ်ပိုင်းမှာ တောတွင်းတစ်နေရာမှာ ပြန်ရှာတွေ့ခဲ့တာလို့ ဆိုပါတယ်။
 
အဲဒီနေ့ကတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုမရှိဘူးလို့လည်း ပြောပါတယ်။
 
RFA က လက်လှမ်းမီသလောက်ကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ သေဆုံးတဲ့ ချင်းတိုင်းရင်သားဟာ ၈၈ ဦး အထိရှိပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။