သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-27
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိမ်းသိန်း ခံထားရတဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၃ ဦးကို မောင်တော တရားရုံးက ပြီးခဲ့တဲ့ သောကြာနေ့မှာ ထောင်ဒဏ် ၂ နှစ်ကနေ ၆ နှစ်အထိ စီရင်ချက် ချမှတ်လိုက်ပါတယ်။
2012-08-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးနဲ့ ပတ်သက်ပြီး ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ဆွေးနွေး အဖြေရှာကြဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
2012-08-27
၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်က ပြုစုတဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ရုံးမှာ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ထုတ်ပြန်လိုက်ပါတယ်။
2012-08-27
အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ အမေရိကန်အခြေစိုက် နာမည်ကြီး ဘတ်စကက်ဘော အသင်းတွေဖြစ်တဲ့ အန်ဘီအေ (NBA) နဲ့ ဒဗလျူအန်ဘီအေ (WNBA ) တို့ ပူးပေါင်း စီစဉ်တဲ့ အားကစား သံတမန်အဖွဲ့တစ်ဖွဲ့ဟာ သြဂုတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။
2012-08-27
ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း ဒေသမှာ ယုဇနကုမ္ပဏီ အသိမ်းခံရတဲ့ လယ်ယာမြေများ ပိုင်ရှင် ကချင်တောင်သူ လယ်သမားဦးကြီးတွေက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီ ရှေ့မှာ သုံးရက်ဆက် ဆန္ဒပြခွင့် လျှောက်ထားရာမှာ ဒုတိယနေ့အတွက် လျှောက်လွှာ တင်သွင်းတာကို ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက လက်ခံခြင်း မရှိဘူးလို့သိရပါတယ်။
2012-08-27
မြန်မာနိုင်ငံရဲ့ ပထမဆုံး စားသုံးသူများ ကာကွယ်ရေးအသင်းကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာရှိတဲ့ တော်ဝင်နှင်းဆီ ခန်းမမှာ မနေ့က စတင် ဖွဲ့စည်းလိုက်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေ အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေမှာ ဓာတုအဆိပ်သင့် အန္တရာယ် ကင်းဝေးစေဖို့ နိုင်ငံသားတွေ ကျန်းမာစွာ သက်တမ်းစေ့ နေနိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
2012-08-26
ထိုင်း-မြန်မာ နယ်စပ်ပြဿနာ ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ မြန်မာ အစိုးရဘက်က သဘောတူလိုက်ပြီလို့ ထိုင်းတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုပါတယ်။
2012-08-26
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ လာမယ့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေမှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။
2012-08-26
ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။
2012-08-26
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရ စစ်တပ်စစ်ကြောင်းတွေနဲ့ ကေအိုင်အေတို့တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွါးနေတဲ့ အတွက် စစ်ပြေးဒုက္ခသည်တွေ ဖါးကန့်မြို့ပေါ်ကို ထွက်ပြေးလာတာ အခုဆိုရင် အနည်းဆုံး သုံးသောင်းကျော် ရှိပြီလို့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NGO အဖွဲ့ဝင်တဦးက ပြောပါတယ်။
2012-08-26
၈၈ မျိုးဆက်ကျောင်းသား ဦးဆောင်သူတွေ ပြည်ပခရီးသွားလာဖို့ အတွက် နိုင်ငံကူး လက်မှတ်တွေကို အခုချိန်ထိ သက်ဆိုင်ရာက ထုတ်မပေးသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
2012-08-26
နိုင်ငံရေးအကျဉ်းသား ဦးရွှေထူးအပါအဝင် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့ ရည်စူးပြီး သွေးလှူဒါန်းပွဲ တစ်ခုကို မန္တလေးမြို့ ၅၅လမ်း၊ ၄၀-၄၁လမ်းကြား ရဲမွန်တောင်ရပ်ကွက်မှာရှိတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ မြင့်မြတ်ဧရာဝတီလူငယ် လူမှုကွန်ယက်အဖွဲ့က ဦးဆောင်ပြီး ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-08-26
ရခိုင်အရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို မန္တလေးမြို့က မြို့နယ်အားလုံးနဲ့ အမရပူရမြို့တွေမှာ တရက်တည်း တပြိုင်တည်း ကျင်းပဖို့ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။
2012-08-26
ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကူညီနိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၅၀) လောက်က ဦးဆောင်ပြီး ဒီကနေ့ ဂီတနဲ့ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံခဲ့ပါတယ်။
2012-08-25
အခုတပတ် ဦးခင်မောင်ညိန်း တင်ဆက်တဲ့ တနင်္ဂနွေ ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာအာဏာပိုင်တွေက စာပေစိစစ်ရေးလုပ်ငန်း မထားတော့ဘူးဆိုပေမယ့် ကန့်သတ် ချွင်းချက်မှုတွေ ရှိနေသေးတာကြောင့် စာနယ်ဇင်းသမားတွေ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့်ရရှိဖို့ လှုပ်ရှားနေကြတဲ့ အခြေအနေတွေကို အခြေပြု ဆွေးနွေးထားကြပါတယ်။