ဧရာဝတီ ရေဘေး ကျောင်းသားသမဂ္ဂဝင်များ ရန်ပုံငွေရှာ

ဧရာဝတီတိုင်းက ရေဘေးသင့် ပြည်သူတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကူညီနိုင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် (၅၀) လောက်က ဦးဆောင်ပြီး ဒီကနေ့ ဂီတနဲ့ ဖျော်ဖြေပြီး အလှူငွေ ကောက်ခံခဲ့ပါတယ်။

2012.08.26

ရန်ကုန်မြို့ရဲ့ အဓိကဈေးကြီးတွေဖြစ်တဲ့ မင်္ဂလာဈေး၊ ယုဇနပလာဇာ နဲ့ လှိုင်သာယာမြို့နယ်တို့မှာ ရန်ကုန်မြို့က တက္ကသိုလ် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂက ကျောင်းသားတွေ ပါဝင်ပြီးု အလှူခံထွက်ခဲ့တာလို့ ဗကသအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ကိုအောင်အောင်ကျော်က RFA ကို ပြောပါတယ်။

အဲဒီလှုပ်ရှားမှုကို ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက်ဆက်တိုက် လုပ်ဆောင်သွားမှာ ဖြစ်ပြီး ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့ နေရာတွေမှာ ကျောင်းသားတွေက တတ်ကျွမ်းတဲ့ ဂီတအနုပညာနဲ့ ပရိသတ်ကို ဖျော်ဖြေပြီး အလှူခံတာ ဖြစ်ပါတယ်။ အလှူခံလို့ ရရှိတဲ့ ဆေးဝါး၊ ငွေကြေး အပါအဝင် တခြား အသုံးအဆောင် ပစ္စည်းတွေကို စုစည်းပြီး လာမည့် သြဂုတ်လ (၃၁) ရက်နေ့မှာ ဧရာဝတီတိုင်းရဲ့ ရေဘေးသင့်နေရာ အသီးသီးကို သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ အလှူငွေ ကျပ် (၃) သိန်းနီးပါး၊ ဆေးဝါးနဲ့ အဝတ်အထည်တွေ လက်ခံရရှိခဲ့တယ်လို့လည်း ကျောင်းသား ခေါင်းဆောင်တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။