ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ကချင်စစ်ဘေးဒုက္ခသည် ပိုမိုထွက်ပြေး
2012.08.26

"ပြီးခဲ့တဲ့ စနေနေ့ကတည်းက ဖြစ်တာ။ မော်မောကုန်းကနေစပြီး ဖြစ်ခဲ့တာ။ အခု ကျွန်မတို့ မြို့ပေါ်မှာ မနေ့ကတည်းက ဒုက္ခသည်တွေက ၃ သောင်းကျော် ရှိတယ်။ ဖြစ်တုံးပဲ။ ဒီနေ့လည်း မျောက်ဖြူမှာ ဖြစ်တယ်။ မနေ့ညကကျတော့ ရွာဟောင်းမှာ ဖြစ်တယ်။ ဆိုင်းတောင်ရွာဟောင်းဆိုတဲ့နေရာမှာ။ နေ့တိုင်းကို ဖြစ်နေတာ။ ဖြစ်တဲ့နေရာတွေကတော့ ၂ -၃ မိုင်ပဲ။ သိပ်တော့ မဝေးဘူး။ ဒါပေမဲ့ တောင်တွေဘာတွေတော့ ခံထားတာပေါ့။ အရှေ့ဘက်ကတော့ မဖြစ်ဘူး။ အနောက်မြောက်ဘက်မှာ ဖြစ်တာ။"
တိုက်ပွဲဖြစ်ပွားရာ နေရာက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ ဖားကန့်မြို့နယ်မှာ ပြည့်နှက်နေပြီး ဘုန်းတော်ကြီးကျောင်းတွေနဲ့ ခရစ်ယန်ဘုရားကျောင်းတွေမှာ နေရာချထားရာမှာ အခုအခါ နေစရာမရှိတော့ဘူးလို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီး ထွက်ပြေးလာရတဲ့ ရွာသူရွာသားတွေကတော့ စတော်ခ၊ အင်ပါးလာခ၊ မျောက်ဖြူ၊ မရမ်၊ တောင်ပြို၊ မော်မောဘွန်၊ မော်ဝိုင်းကြီး၊ မော်ဝိုင်းလေး စတဲ့ရွာတွေက ဖြစ်ပါတယ်၊ ဒုက္ခသည်တွေထဲမှာ သက်ကြီးရွယ်အိုများ၊ မွေးကင်းစကလေးများနဲ့ မီးဖွားပြီးစ မိခင်တွေ ပါဝင်ပြီး ဒီကနေ့မှာတော့ နာမကျမ်းသူ စစ်ပြေးဒုက္ခသည် တစ်ဦး ဆုံးပါးသွားတယ်လို့သိရပါတယ်။