သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-28
ကိုညီညီလွင် ခေါ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို ထိုင်းနိုင်ငံဘက် တရားမဝင် နယ်စပ်ဖြတ်ကျော်ပုဒ်မနဲ့ ထောင်ချလို့လွတ်ရက်စေ့ခါနီးမှာ ၂၀၁၂ ခုနှစ်ကစွဲထားတဲ့အမှု တွေရင်ဆိုင်ဖို့ မန္တလေးကနေ ရန်ကုန်အင်းစိန်ထောင်ကို ပို့လိုက်ပြီး၊ ဒီနေ့မနက်က ဗဟန်းတရား ရုံးမှာရုံးထုတ်ခဲ့ပါတယ်။
2016-06-28
လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ တာဝန်ယူဖြေရှင်းဖို့ ဆိုးဆိုးဝါးဝါး ပျက်ကွက်တဲ့ ကမ္ဘာ့နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို အနိမ့်ဆုံးအဆင့် ၃ မှာ သတ်မှတ် ထည့်သွင်းဖို့ အမေရိကန်ပြည်ထောင်စုက ဆုံးဖြတ် လိုက်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနအရာရှိတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားဖော်ပြလိုက် ပါတယ်။
2016-06-28
ဝေါမြို့နယ် သူရဲသမိန်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို ဥပဒေကြောင်းအရ ဖေါ်ထုတ် အရေးယူဖို့ အစီအစဉ် မရှိဘူးလို့ ပဲခူးတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက် က ပြောပါတယ်။
2016-06-28
7 Day နေ့စဉ်သတင်းစာကို တပ်မတော်က တရားစွဲဆိုထားရာကနေ ကျေအေးပေးခြင်း မရှိသေးဘဲ နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်တယ် လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဌ ဦးဖိုးသော ကြာ က ပြောပါတယ်။
2016-06-28
ရန်ကုန် - မန္တလေးမြို့ရှောင်လမ်းဖောက် လုပ်စဉ် လယ်ယာမြေဧက ၁၇၀ ကျော် သိမ်းယူခံထားရတဲ့ နေပြည်တော် ပျဉ်းမနား မြို့နယ်က တောင်သူ ၂၈၀ ကျော်ကို အစိုးရက လျော်ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော် ပေးအပ်ခဲ့ပါတယ်။
2016-06-28
ကျိုက်ထီးရိုးတောင်ပေါ်မှာ အစိုးရရဲ့ ခွင့်ပြုချက်ထက် အခန်းပေါင်း ၁၀၀ ကျော် ဆောက်ထားတဲ့ ရိုးရိုးလေးကုမ္ပဏီပိုင်ရှင်က အဲဒီအခန်းတွေကို ဆက်လက်ထားရှိခွင့်ပေးဖို့ နိုင်ငံတော် သမ္မတ နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာ တင်ပြသွားမယ်လို့ ပြောပါတယ်။
2016-06-28
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ငွေကျပ် သန်းပေါင်း နှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အရေအတွက် ၈ သိန်းလောက်ကို စစ်တွေခရိုင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ ပါတယ်။
2016-06-28
ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားသူတွေရဲ့ ဘဝတွေကို မြှင့် တင်ပေးနိုင်ဖို့အတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကယားပြည်နယ် လိုွင်ကော်မြို့မှာ ဒီကနေ့ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။
2016-06-28
မစ္စ ယန်ဟီးလီနဲ့ သတင်းမီဒီယာ ကောင်စီဝင်တွေ ဒီနေ့တွေ့ဆုံပွဲအတွင်း မြန်မာသတင်းလောကမှာ အမှန်တကယ် ဖြစ်ပျက်နေတာတွေကို တင်ပြနိုင်ခဲ့တယ်လို့ သတင်းမီဒီယာကောင်စီရဲ့ ဥက္ကဌ ဖိုးသောကြာ က ပြောပါတယ်။
2016-06-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာ လက်မှတ်ရေးထိုး ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ နေပြည်တော်မှာ ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့တွေ့ဆုံမှာ ဖြစ်ပါတယ်။
2016-06-28
အလုပ်သမားတွေကို အချိန်ပိုလုပ်ခ သိန်း ၅၀၀ လောက် ပေးဖို့ ကျန်နေတဲ့ Premier ကော်ဖီမစ်စက်ရုံ ပိုင်ရှင်ကို အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနက တရားစွဲဆိုဖို့ ပြင်ဆင်နေပါတယ်။
2016-06-28
အကျဉ်းထောင်တချို့မှာ အကျဉ်းထောင်အနေအထားနဲ့ အကျဉ်းသားဦးရေ မမျှတတာမျိုးတွေ တွေ့ခဲ့ရတယ်လို့ ကုလ သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ဒီနေ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။
2016-06-28
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အစိုးရတပ်မတော်က ဒေသခံတွေကို ညှင်းပန်းနှိပ် စက်မှုတွေ ရှိနေတဲ့အကြောင်း ရေးသားထားတဲ့ "ညှင်းပန်းနှိပ်စက်ရန်လေ့ကျင့်ထား သူများ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာကို တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
2016-06-28
နောင်မျိုးဆက်တွေအတွက် ချန်ထားပေးရမယ့် အကောင်းဆုံးအမွေဟာ ငြိမ်းချမ်းရေးဖြစ်တယ် လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
2016-06-28
မန္တလေးမြို့က ပြည်ကြီးတံခွန်မြို့နယ်မှာ မန္တလေး တိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့စပြီး မှတ်ပုံတင် အခမဲ့ ဆောင်ရွက်ပေးနေပါတယ်။