လွတ်ရက်စေ့ခါနီး ကိုညီညီလွင် ၂၀၁၂ ခုနှစ် အမှု ပြန်စစ်ဆေး


2016.06.28

ကိုညီညီလွင် ခေါ် ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုခေါင်းဆောင် အရှင်ဂမ္ဘီရ ကို ထိုင်းနိုင်ငံဘက် တရားမဝင်နယ်စပ်ဖြတ်ကျော်ပုဒ်မနဲ့ ထောင်ချလို့လွတ်ရက်စေ့ခါနီးမှာ ၂၀၁၂ ခုနှစ်ကစွဲထားတဲ့အမှု တွေရင်ဆိုင်ဖို့ မန္တလေးကနေ ရန်ကုန်အင်းစိန်ထောင်ကို ပို့လိုက်ပြီး၊ ဒီနေ့မနက်က ဗဟန်းတရား ရုံးမှာရုံးထုတ်ခဲ့ပါတယ်။


ရွှေဝါရောင်တော်လှန်ရေးကြောင့် စစ်အစိုးရက ချိပ်ပိတ်ထားတဲ့ မဂ္ဂင်ကျောင်း၊ သာသနာ့သိပ္ပံ ကျောင်းနဲ့ သာသနာ့ဂုဏ်ရည်ကျောင်းကို ၂၀၁၂ ခုနှစ် ပြန်လွတ် လာချိန်က တံခါးတွေဖွင့်ခဲ့တဲ့အတွက် အရှင်ဂမ္ဘီရ ကိုတရားစွဲထားတာဖြစ်ပါတယ်။


ဒီအကြောင်းနဲ့ ပတ်သက်လို့ အရှင်ဂမ္ဘီရရဲ့ညီဖြစ်သူ ကိုလွင်မောင်မောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။