တအာင်း အမျိုးသမီး သတင်းစာရှင်းလင်းပွဲ ဖျက်သိမ်းရ
2016.06.28
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲဖြစ်ပွားရာဒေသတွေမှာ အစိုးရတပ်မတော်က ဒေသခံတွေကို ညှင်းပန်းနှိပ်စက်မှုတွေ ရှိနေတဲ့အကြောင်း ရေးသားထားတဲ့ "ညှင်းပန်းနှိပ်စက်ရန်လေ့ကျင့်ထား သူများ" လို့အမည်ပေးထားတဲ့ အစီရင်ခံစာကို တအာင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီအစီရင်ခံစာထုတ်ပြန်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရတပ်မတော်နဲ့ ပတ်သက်နေတာကြောင့် တိုင်းအစိုးရက ခွင့်မပြုဘူးလို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက မဒီဒီပိုးစေင်က ပြောပါတယ်။ မဒီဒီပိုးစေင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်း ထားပါတယ်။