သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-04-28
ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့ စကောလမ်းမှာ ဧပြီ ၂၇ ရက် မနေ့ည ၉ နာရီဝန်းကျင်လောက်က ဆိုင်ကယ်နဲ့သွားနေတဲ့ အသက် ၂၀ အရွယ် ကိုထန်မွန်လျန် ဆိုတဲ့ လူငယ်တစ်ဦးကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ အခင်းဖြစ်နေရာအနီးမှာရှိတဲ့ မြို့ခံတွေက ပြောပါတယ်။
2021-04-28
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဆက်စပ်ညှိနှိုင်း ပံ့ပိုးသွားမယ်လို့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ဆယ်ဖွဲ့က ကြေညာလိုက် ပါတယ်။
2021-04-28
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ အခုလတ်တလော နေရပ်စွန့်ခွာထွက်ပြေးသူတွေ မရှိပေမယ့် လူပေါင်း ၂၁၈၀၀၀ ဟာ ဆက်လက်နေ့ရပ်စွန့်ခွာနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN-OCHA) က ထုတ်ပြန်လိုက်ပါတယ်။
2021-04-28
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲက အောင်မြေကွက်သစ် ကျေးရွာနဲ့ မရှီကထောင်ရပ်ကွက် ပူးပေါင်းသပိတ်စစ်ကြောင်းအပြင် လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဧပြီ ၂၈ ရက် ဒီနေ့မှာ ဆန္ဒပြနေကြပါတယ်။
2021-04-28
ကချင်ပြည်နယ် ဟိုပင်မြို့အနီး မြစ်ကြီးနားဘက်အထွက် ကြာကြီးကွင်း ကျေးရွာမရောက်ခင် တဝတ်ချောင်းကို ဖြတ်ကူးထားတဲ့ ရထားသံလမ်းတံတားနဲ့ မြစ်ကြီးနား - မန္တလေးကားလမ်းမပေါ်က ရေကျော်တံတားဟာ ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီခွဲခန့်က မိုင်းခွဲခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-04-27
မြန်မာနိုင်ငံဟာ အာရှရဲ့ ဆီးရီးယားဖြစ်လာနိုင်တယ်လို့ ပြင်းပြင်းထန်ထန် သတိပေးချက်တွေ ရှိနေပေမဲ့ - မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကနေ အင်တိုက်အားတိုက် ကူညီတာ မတွေ့ရဘူးလို့ Free Burma Rangers က ဝေဖန်လိုက်ပါတယ်။ ဘာကြောင့်ပါလဲ ..... ။
2021-04-27
အာဏာသိမ်း စစ်ကောင်စီဟာ မဟန ဆရာတော်ကြီးတွေရဲ့ ကြေညာချက်ထွက်လာပြီးနောက်ပိုင်းမှာ သံဃာတွေရဲ့ဖယ်ကြဉ်မှုကို ပိုမိုရင်ဆိုင်နေရတဲ့အတွက် သံဃာတွေကို စည်းရုံးဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် မဟနအဖွဲ့ကြီးကိုပါ ပြင်ဆင်ဖွဲ့စည်းဖို့ ကြံစည်နေတယ်လို့လည်း သတင်းထွက်ပါတယ်။
2021-04-27
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ သုံးလဆိုတဲ့ အချိန်ကို ရောက်လုချိန်မှာ မြန်မာပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀ ကျော်ကစပြီး ကြီးထွားလာခဲ့တဲ့ လူမှုရေးလုပ်ငန်းတွေ ပရဟိတလုပ်ငန်းတွေ၊ ကယ်ဆယ်ရေးနဲ့ နာရေးကူညီမှုလုပ်ငန်းတွေ အဖြိုခွင်းခံရပြီး ပြန်လည်ပျောက်ကွယ်မယ့် အခြေအနေကို ရောက်လာနေပါတယ်
2021-04-27
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် သောလယ်ထာ့ဒေသမှာ ရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတခုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅က ဧပြီလ ၂၇ရက် မနေ့က အရုဏ်တက်ချိန်မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။ မကြာခင်မှာပဲ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ အဲဒီဒေသမှာ ဒုက္ခသည်အရေး ကူညီပေးနေသူတဦးက RFA ကို ပြောပါတယ်။
2021-04-27
ဧပြီလ ၂၇ ရက်နေ့က ထားဝယ်၊ မန္တလေးနဲ့ ဖားကန့်မြို့နယ်တို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
2021-04-27
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မလန်းကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီကျဆုံးရေး ပူးပေါင်းသပိတ်စစ်ကြောင်းနဲ့ ဒီနေ့ ဧပြီလ ၂၇ ရက်က ဆန္ဒပြခဲ့တာပါ။
2021-04-27
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာတချို့က အာဏာသိမ်းစစ်အစိုးရကို ကန့်ကွက်ဆန္ဒပြသူ သုံးဦး ဒီကနေ့ ဧပြီ ၂၇ ရက် မနက်ပိုင်းက ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသအခြေစိုက် Teze News Agency က သတင်းထုတ်ပြန်ထားပါတယ်။
2021-04-27
စစ်ကောင်စီက ဖွဲ့ထားတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက အပစ်မရပ်သေးတဲ့အဖွဲ့တွေအပြင် အပစ်ရပ်ပြီးသား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ပါ တွေ့ဆုံနေပါတယ်။
2021-04-27
မန္တလေးအခြေစိုက် VOM သတင်းဌာန CEO ကိုနေမျိုးလင်း ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက ဆွေးနွေးစရာရှိလို့ လာခဲ့ဖို့ခေါ်လို့ နေအိမ်ကနေ ဒီနေ့ မနက် ၁၀ နာရီက ထွက်သွားရာမှာ အခုညနေ ၆ နာရီအထိ မိသားစုနဲ့ အဆက်သွယ် မရသေးဘူးလို့ သူ့ရဲ့မိသားစုဝင်တွေက ပြော ပါတယ်။