ရခိုင်နဲ့ ချင်းပြည်နယ်မှာ လူနှစ်သိန်းကျော် ထွက်ပြေးနေရကြောင်း ကုလထုတ်ပြန်

2021.04.28
ရခိုင်နဲ့ ချင်းပြည်နယ်မှာ လူနှစ်သိန်းကျော် ထွက်ပြေးနေရကြောင်း ကုလထုတ်ပြန် ရခိုင်ပြည်နယ် စစ်တွေမြို့က ဥဿလင်းကျောင်းစစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ကလေးငယ်တွေကို ၂၀၂၁၊ ဇန်နဝါရီ ၁၂ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ အခုလတ်တလော နေရပ်စွန့်ခွာထွက်ပြေးသူတွေ မရှိပေမယ့် လူပေါင်း ၂၁၈၀၀၀ ဟာ ဆက်လက်​နေ့ရပ်စွန့်ခွာနေရဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဧပြီလအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သတင်းလွှာကို ထုတ်ပြန်ရာမှာ ဖော်ပြထားတာပါ။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်း စတင် တည်ထောင်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ ကာလ ကြာရှည် ရွှေ့ပြောင်းနေထိုင်နေသူ ၁၂၆,၀၀၀ ခန့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က ပေါက်ကွဲစေတတ်သော စစ်လက်ကျန်ပစ္စည်း (ERW) ပေါက်ကွဲမှုကြောင့် မိခင်တစ်ဦးနဲ့ သူမရဲ့ကလေးငယ်နှစ်ဦး သေဆုံးခဲ့ရပြီး ဧပြီလ အစောပိုင်းကလည်း မိန်းကလေးငယ် လေးဦးနဲ့ ယောက်ျားလေး နှစ်ဦး အပါအဝင် စုစုပေါင်းပေါင်း အရပ်သား ခုနှစ်ဦးမှာလည်း ​ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့လည်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ ခုနှစ်မှာ ထိခိုက်သေဆုံးသူပေါင်း ၁၃၄ ဦးရှိခဲ့​ပြီး မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်လက်နက် ပေါက်ကွဲမှု တွေကြောင့် စုစုပေါင်း ထိခိုက်သေဆုံးသူ အရေအတွက်ရဲ့ ၅၃ ရာခိုင်နှုန်းမှာ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့တယ် လို့လည်း ပါရှိပါတယ်။

အဲဒါကြောင့် ရခိုင်ပြည်နယ်ဟာ ၂၀၂၀ ခုနှစ်အတွင်း ကလေးသူငယ် ထိခိုက်သေဆုံးမှု အမြင့်မားဆုံးနှုန်း ရှိကြောင်း သတ်မှတ်ထားတယ်လို့လည်း ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။