သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-28
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ လမ်းဘေးမြေအောက်ရေဆိုးမြောင်းတွေကနေ တရားမဝင် အကြော်ခံဆီထုတ်လုပ်မှုကို RFA လွတ်လပ်တဲ့အာရှအသံ ကန်တုံဌာနက စုံစမ်းထောက်လှမ်းပြီး ထုတ်လွှင့်ဖော် ပြခဲ့ပါတယ်။
2014-03-28
မန္တလေးမြို့မှာ မနေ့က ညနေပိုင်းက လျှပ်စစ်မီတာခ လျှော့ချပေးရေးဆန္ဒပြခဲ့ကြပြီး အဲဒီလူတွေက ၄ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။
2014-03-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီးဟံသာဝတီ ဦးဝင်းတင်ဟာ ခါးဆစ်ရိုးဝေဒနာကြောင့် Green Cross ဆေးရုံမှာသတင်းနှစ်ပတ်ကြာ တက်ရောက်ကုသနေရပြီး သက်သာပျောက်ကင်းမှုမရှိတဲ့အတွက် ဝိတိုရိယဆေးရုံကို မနေ့ညကပြောင်းရွှေ့ကုသခံနေရပါတယ်။
2014-03-27
ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့ အတွက် ပြီးခဲ့တဲ့ မတ်လ၂၃ရက်နေ့က ရန်ကုန်မြို့ကနေ မိုင်ပေါင်း ၁၆၀၀ လမ်းလျှောက် တောင်းဆိုကြတဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းများ အင်အားစုအဖွဲ့ဟာ ဒီနေ့ညနေမှာ ပဲခူးတိုင်း အနောက်ခြမ်း ကြို့ပင်ကောက်မြို့ ကို ရောက်ရှိလာပါတယ်။
2014-03-27
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ရက် NNER အဖွဲ့ကကန့်ကွက်ကြောင်း အချက် ၁၃ ချက်ပါတဲ့ ကြေညာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2014-03-27
ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရင်ဆုံး အပစ်အခတ်ရပ်စဲရေးကိုသာ အကောင်အထည်ဖေါ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ကျရောက်တဲ့ ၆၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမှာ ပြောလိုက် ပါတယ်။
2014-03-27
ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ပါတီရဲ့ မိုင်းတုံမြို့နယ်က ပါတီဝင် ၁၀၀၀ နီးပါးဟာ SNDP ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်လိုက်ဖြစ်ကြောင်း ဒီနေ့ တောင်ကြီးမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
2014-03-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Dhaka Tribune သတင်းစာမှာ ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ရေးသားထားတာကို မန္တလေးမြို့မှာ သံဃာတော် ၃၀၀ နီးပါးက ဒီနေ့ ကန့်ကွက်ဆန္ဒပြ ကြပါတယ်။ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာ၊ ဘင်္ဂါလီလို့ ထည့်သွင်းမကောက်ဖို့အတွက်လည်း တောင်းဆို ကြပါတယ်။
2014-03-27
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား လူအုပ်စုတွေက နိုင်ငံတကာ အဖွဲ့အစည်းရုံးခန်းတွေကို ခဲတွေနဲ့ ပစ်ပေါက်နေတာကြောင့် စစ်တွေမြို့မှာ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။
2014-03-27
ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ ဆန္ဒပြပွဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် Dhakka Tribune သတင်းစာမှာ... ရခိုင်ပြည်နယ်က ဒေသတချို့ကို လူထုဆန္ဒခံယူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ပူးပေါင်းဖို့ တိုက်တွန်းထားတဲ့ ဆောင်းပါးနဲ့ပတ်သက်လို့ ရန်ကုန်မြို့က သံဃာတော်တွေနဲ့ လူပုဂ္ဂိုလ်တွေ ဒီကနေ့ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့ကို သွားရောက် ကန့်ကွက်ခဲ့ကြပါတယ်။ RFA ဝိုင်းတော်သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2014-03-27
အစိုးရသက်တမ်းသုံးနှစ်ပြည့် သမ္မတဦးသိန်းစိန်ရဲ့မိန့်ခွန်းနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ အမြင်ကို အခုထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2014-03-27
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က ကျေးရွာ ၂ ရွာမှာ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းတရင်းနဲ့ အကြပ်ကြီးသင်တန်းကျောင်းက အိမ်တွေဝင်ရောက်ဖျက်ဆီးပြီး မောင်းထုတ်လိုက်တဲ့အတွက် မိသားစုတွေဟာ အနီးအနားမှာ ရွက်ဖျင်တဲထိုးပြီး နေထိုင်နေကြရပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က စုစည်း တင်ပြထားပါတယ်။
2014-03-27
သမ္မတဦးသိန်းစိန်ဟာ အစိုးရသက်တမ်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စု လွှတ်တော် မှာ ဒီနေ့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြ ထားပါတယ်။
2014-03-27
ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ မှာ ပြည်သူ့ လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ရန်ကုန်တိုင်း ဒဂုံတက္ကသိုလ်နဲ့ သမဝါယမတက္ကသိုလ်တွေမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်းဖြစ် ပွါးခဲ့ပါတယ်။
2014-03-27
မြန်မာနိုင်ငံမှာထုတ်လုပ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ မှောင်ခို တင်သွင်းခဲ့တယ်လို့ ယုံကြည်ရတဲ့ ဘိန်းဖြူ ပေါင်ချိန် ၃၂ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာ လိုက်ပါတယ်။