အမျိုးသားပညာရေး ဥပဒေမူကြမ်း ကန့်ကွက်လှုပ်ရှား


2014.03.27
university_305_Z.jpg ရန်ကုန်မြို့ရှိ တက္ကသိုလ်တခု၏ ဂိတ်ဝကိုတွေ့ရစဉ်
Photo: AFP

ပီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ ရန်ကုန်တိုင်း ဒဂုံတက္ကသိုလ်နဲ့ သမဝါယမ တက္ကသိုလ်တွေမှာ ပြီးခဲ့တဲ့နှစ်ရက်အတွင်းဖြစ်ပွါးခဲ့ပါတယ်။

အမျိုးသားပညာရေးဥပဒေကြမ်းကိုကန့်ကွက်ကြဆိုတဲ့ လက်ကမ်းကြော်ညာတွေကို ရန်ကုန်တိုင်း ဒဂုံတက္ကသိုလ်ဝင်းမှာ စာမေးပွဲနောက်ဆုံးနေ့ဖြစ်တဲ့ မနေ့က လိုက်လြံကဲချလိုက်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ ကိုကျော်ဇင်လင်းက RFA ကိုပြောပါတယ်။

"စာထဲမှာကတော့ ကျောင်းသား၊ပြည်သူကို အခြေမပြုသော အမျိုးသားပညာရေးအက်ဥပဒေက ဆန့်ကျင် ကန့်ကွက်ကြဆိုတ ဲ့လံှှု့ဆော်သံနဲ့ပါ၊ကျနော်တို့ စက်ဘီးနဲ့ကြဲတယ်၊ပြီးတဲ့အခါ လူနဲ့ကြဲတယ် ဘက်စ်ကားနဲ့ကြဲတယ်ပေါ့ ကျနော်တို့အဲ့ပုံစံသုံးခုနဲ့ကြဲ သွားပါတယ်၊ကျောင်းသား တွေအများ ကြီးရှိတဲ့နေရာတွေကို အဓိကကြဲပါတယ်ခင်ဗျ၊ ဒီအမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက် ပြီးတော့ ကျောင်းသားတွေ အနေနဲ့ သေချာသိရှိထားခြင်းမရှိတဲ့အတွက်ကြောင့် ကျောင်းသားတွေ အားလုံးဆွေးနွေးဝိုင်းတွေ ဆက်လုပ်ဖို့ရှိတယ် "

အလားတူ မတ်လ ၂၅ ရက်နေ့ကလည်း ရန်ကုန်တိုင်း သံလျင်မြို့နယ်မှာရှိတဲ့ သမဝါယမတက္ကသိုလ်ဝင်း မှာ အဲ့ဒီလို အမျိုးသားပညာရေးဥပဒေကြမ်းကိုကန့်ကွက်ကြဆိုတဲ့လက်ကမ်းကြော်ညာတွေဖြန့်ဝေခဲ့ ကြတယ်လို့လဲ သမဂ္ဂအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ကိုသန့်ညီညီဝင်းကပြောပါတယ်။

"နေ့ခင်း ၁၁နာရီစာမေးပွဲပြီးချိန်မှာ ကျနော်တို့ နံရံကပ်ပိုစတာတွေလုပ်တယ်၊ကားဂိတ်တွေ မှာကပ်တယ်၊ကျောင်းအဆောင်တွေမှာကပ်တယ် ပြီးတော့ကျောင်းသားတွေ ကိုဝေတယ် ၊ကျောင်းသား ပြည်သူကိုအခြေမခံတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ကြစို့ဆိုတဲ့ စာတမ်းမှာတချို့ဆိုတော်တော်စိတ်ဝင်စားကြတယ်၊တချို့ကျတော့လည်း အမျိုးသား ပညာရေးဥပဒေကြမ်းဆိုတော့ မဖတ်ရသေးတဲ့ ကျောင်းသားတွေလည်းရှိတယ်"

ပြည်သူ့လွှတ်တော်မှာအတြည်ပုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော် ပညာရေးမြင့်တင်ရေးကော်မတီနဲ့ အစိုးရရုံးနဲ့ပညာရေးဝန်ကြီးဋ္ဌာနတို့ရေးဆွဲခဲ့တဲ့ ဥပဒေကြမ်း နှစ်ခုကို ပူးပေါင်းထားတာဖြစ်ပါတယ်။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲတဲ့အခါ ဒီမိုကရေစီစနစ်ရော ပြည်တွင်းအခြေအနေတွေနဲ့ပါ ကိုက်ညီအောင်ဆိုပြီး အစိုးရမဟုတ်တဲ့အဖွဲ့တွေ၊သမဂ္ဂတွေရဲ့ NNER ခေါ် မြန်မာနိုင်ငံပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာကွန်ယက်ကလည်း ဥပဒေကြမ်း တစ်ခု ရေးဆွဲတင်ပြခဲ့ပါတယ်။ ဒါပေမယ့် NNER ရဲ့တင်ပြချက်မူကြမ်းဟာ လျစ်လျူရှုခံခဲ့ရတယ်လို့ ကွန်ယက်အဖွဲ့ဝင်တွေကပြောပါတယ်။ ဒါ့အပြင် ကျောင်းသားသမဂ္ဂတွေအသီးသီးတည်ရှိရေးကို အဲဒီဥပဒေ ကြမ်းမှာထည့်သွင်းဖို့အဆိုကိုလဲ လွှတ်တော်မှာမဲခွဲဆုံးဖြတ်တော့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါကြောင့် တဘက်သတ်ရေးဆွဲ ထားတဲ့အမျိုးသားပညာရေးဥပဒေကြမ်းကို ဆက်လက်ကန့်ကွက်သွား မယ်လို့ ကျောင်းသားတွေကပြောကြပါတယ်။

အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ကျောင်းသားသမဂ္ဂတွေတည်ရှိရေး ထည့်သွင်းရေးဆွဲဖို့ အဆိုကို လွှွတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေရဲ့သဘောထားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။