တရုတ်ပြည် ရေဆိုးမြောင်းအကြော်ခံဆီလုပ်ငန်း
2014.03.28
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ လမ်းဘေးမြေအောက်ရေဆိုးမြောင်းတွေကနေ တရားမဝင် အကြော်ခံဆီထုတ်လုပ်မှုကို RFA လွတ်လပ်တဲ့အာရှအသံ ကန်တုံဌာနက စုံစမ်းထောက်လှမ်းပြီး ထုတ်လွှင့်ဖော် ပြခဲ့ပါတယ်။ အဲဒီဗီဒီယိုမှတ်တမ်းဟာ အခုနှစ်အတွင်း RFA ရဲ့ လူကြိုက်အများဆုံးသတင်းတပုဒ် ဖြစ်ခဲ့ပြီး၊ ကမ္ဘာ တဝှမ်းက ကြည့်ရှုရသူတွေ တုန်လှုပ်ခြောက်ခြား အံ့အားသင့်ခဲ့ကြရပါတယ်။ အဲဒီ မှတ်တမ်းဆောင်းပါး ဗီဒီယို ကို အင်တာနက် Youtube စာမျက်နှာမှာ ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့တဲ့အပြင်၊ အမေရိကန်အခြေစိုက်ဝါရှင်တန်ပို့စ် သတင်းစာအပါအဝင် ကမ္ဘာတဝှမ်းသတင်းဌာန အသီးသီးကလည်း ထပ်ဆင့်ကိုးကား ဖော်ပြခဲ့ကြပါတယ်။ အဲဒီ ဆောင်းပါးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်။