သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-25
ဖေဖော်ဝါရီလ ၂၅ ရက် စနေနေ့ည မေးပါရစေဦး အစဉ်မှာတော့ "ဧပြီ (၁) ရက် ကြားဖြတ်ရွေးကောက်ပွဲအကြောင်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသက်ထွန်းမောင် (လွှတ်တော်ကိုယ်စားလှယ်လောင်း (NDF) ) ၊ ဒေါက်တာစိုးဝင်းဦး (ဒုတိယဥက္ကဌ - ရန်ကုန်တိုင်းအလုပ်အမှုဆောင်အဖွဲ့ (NLD)) နဲ့ ကိုစိုင်းရဲကျော်စွာမြင့် (အမှုဆောင်ဒါရိုက်တာ (PACE) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-02-25
ရန်ကုန်မြို့ Strand Hotel မှာ ကျင်းပနေတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော်နေ့ အခမ်းအနားကို အမျိုးသားရေး တက်ကြွ လှုပ်ရှားနေတဲ့ သံဃာ ၁၀ ပါးကျော်နဲ့ လူ ၂၀ လောက်က ဟိုတယ်ရှေ့မှာ ကန့်ကွက်ခဲ့ကြပါတယ်။
2017-02-25
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း စက်မှုဇုန်က ဟန်ကျိုးပိုင်ရီ အထည်ချုပ်စက်ရုံမှာ ဆန္ဒပြနေ တဲ့အလုပ်သမားတွေဟာ စက်ရုံတာဝန်ရှိသူ တရုတ်နိုင်ငံ သား တစ်ယောက်ကို ပြီးခဲ့တဲ့နှစ်ရက်လောက်က ဖမ်းဆီး ရိုက်နှက်ပြီး စက်ရုံပိုင်ပစ္စည်းတွေကိုလည်း ဖျက်ဆီးခဲ့တဲ့ အတွက် လက်ရှိမှာ စက်ရုံကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ပြီး ပိတ်ထားပါတယ်။
2017-02-25
ရခိုင်ပြည်နယ်၊ ဘူးသီးတောင် နဲ့ မောင်တောမြို့နယ်တွေမှာ ၁၉၈၂ ခုနှစ် ဥပဒေနဲ့မကိုက်ညီဘဲ နိုင်ငံသားပြုခွင့်ပေးနေတယ်ဆို ပြီး ဒေသခံရခိုင်တိုင်း ရင်းသားတွေက ကန့်ကွက်နေ တာကြောင့် သွားရောက် စစ်ဆေးတဲ့ ကြားနာစစ်ဆေးရေး အဖွဲ့ဟာ မောင်တောမြို့နယ်က ဒေသခံတွေနဲ့ မနေ့က တွေ့ ဆုံခဲ့ပါတယ်။
2017-02-25
ရခိုင်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို တည်ငြိမ်အေးချမ်းတဲ့ ဘယ်နေရာမှာ မဆို ကျင်းပခွင့်ပြုမယ်ဆိုရင် လက်ခံမှာဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။
2017-02-25
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာ စပါးဈေးနှုန်းတွေ ကျဆင်းနေပြီး ဝယ်ယူသူ မရှိဖြစ်နေတဲ့အတွက် စိုက်ပျိုးစရိတ် ချေးငွေ ပြန်လည်ပေး ဆပ်ရမယ့်ကာလကို ရွှေ့ဆိုင်းပေးဖို့ ဒေသခံ တစ်ထောင် ခန့်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2017-02-25
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားမဝင် ပိတောက်သားတွေ တင်ဆောင်လာတဲ့ သစ်ကား ၇ စီးကို မနေ့ညကစတင်ဖမ်းဆီးရမိခဲ့တယ် လို့ မော်လမြိုင် - သထုံခရိုင် သစ်တောဦးစီးဌာနက သိရ ပါတယ်။
2017-02-25
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ထိန်းချုပ်ဒေသ မှာ ပါဝင်တဲ့ မဲဆန္ဒနယ်မြေတွေမှာ နိုင်ငံရေးပါတီတွေ လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း SSPP/SSA က ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-02-25
လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် သိမ်းယူခံထားရတဲ့ မြေယာတွေထဲက လျော်ကြေးမယူထားတဲ့ ဧက နှစ်ထောင်အတွက် သီးနှံလျော်ကြေးပေးရေးကိစ္စကို ဝမ်ပေါင်ကုမ္ပဏီနဲ့ ညှိနှိုင်းပေးပြီး အဆင်မပြေ ရင် ပြည်ထောင်စုအစိုးရထံ တင်ပြပေးသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က ဒီနေ့ ပြောပါတယ်။
2017-02-25
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကို ပုဂ္ဂိုလ်ရေး မကျေနပ်မှုတွေနဲ့ မျိုးချစ်စိတ် အစွန်းရောက် မှုတွေကြောင့် လုပ်ကြံသတ်ဖြတ်တာဖြစ်တယ် လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဦးကျော်ဆွေက ဒီကနေ့ ပြောပါတယ်။
2017-02-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က NCA ကို လက်မှတ်ရေးထိုးခြင်းမပြုဖို့ မနေ့က ကျင်းပပြီးစီး သွားတဲ့ ဝပြည် ပန်ဆန်းညီလာခံမှာ ဆုံးဖြတ်လိုက် ပါတယ်။
2017-02-25
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးဖို့ ငြင်းပယ်လိုက်ပြီး အစိုးရနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ ခေါင်းဆောင်တဲ့ နိုင်ငံရေးဆွေးနွေးမှုကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်တယ်လို့ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က ဒီနေ့ ပန်ခမ်းဆွေးနွေးပွဲ နောက်ဆုံးနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2017-02-25
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသက ထိုင်း - မြန်မာ ဖက်စပ်ပိုင် MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စမ်းသပ်လည်ပတ်နေတဲ့ အခြေအနေကို သွားရောက်စစ်ဆေးပြီး အစီရင်ခံစာတင်ပြဖို့ မွန်ပြည်နယ်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားလိုက်ပါတယ်။
2017-02-25
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ UWSP "ဝ" ပြည်သွေး စည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ခမ်းမှာ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးပွဲကို ၃ ရက်ကြာ ပြု လုပ်နေပြီး ဒီကနေ့ဟာ နောက်ဆုံးနေ့ဖြစ်ပါတယ်။
2017-02-25
လားဟူလူမျိုးတွေရဲ့ နှစ်သစ်မင်္ဂလာ ဆုတောင်းပွဲကို ရှမ်းပြည်နယ် လားရှိုးမြို့မှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။ ဒီပွဲကို ရှမ်းပြည်နယ်အစိုးရ- လားဟူတိုင်းရင်း သားရေးရာဝန်ကြီး တက်ရောက် စကားပြောခဲ့ ပါတယ်။