သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-28
လက်ရှိ အလုပ်ရှင်အလုပ်သမား ပဋိပက္ခတွေကို ဖြေရှင်းဖို့ဆိုရင် အလုပ်သမားဥပဒေသစ် ရေးဆွဲဖို့ထက် ရှိပြီးသား ဥပဒေတွေထဲက ပြင်ဆင်သင့်တာတွေပြင်ဆင်ဖို့ လိုအပ်နေတာသာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဒေါက်တာ မြတ်ဉာဏစိုးက ဒီနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောကြား သွားပါတယ်။
2013-10-28
ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကလာတဲ့ စက်လှေတစ်စီးပေါ်က လူ ၃၀ လောက်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ မနေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဒေသလုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။
2013-10-28
မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့ ဘက်ကနေပြီး ထိုင်းနိုင်ငံ ရနောင်း ဘက်ခြမ်းကို လူပွဲစားတွေကတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ အသက် ၁၈ နှစ်အောက် လူငယ် ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းနယ်ခြားစောင့်တပ်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ မနေ့ညပိုင်းက ရနောင်းမြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
2013-10-28
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့မှာ အခုလ ၃၀ ရက်နေ့ကနေဝင်ဘာလ ၁ ရက်နေ့ထိကျင်းပမယ့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့က ကိုယ်စားလှယ် ၃၂ ယောက်ဟာ ဒုတိယအသုတ် အဖြစ် မြစ်ကြီးနားမြို့ကို ဒီနေ့နေ့လည်ပိုင်းက ရောက်ရှိ သွားကြပါတယ်။
2013-10-28
တိုင်းရင်းသားပေါင်းစုံရဲ့ လိုင်ဇာညီလာခံ ကျင်းပတော့မယ့်ကာလအတွင်း တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေနဲ့ ပတ်သက်လို့ သြစတြေးလျအခြေစိုက် မွန်အမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ဦးနိုင်ဖေသိန်းဇာနဲ့ အာဖက်အေ ဆက်သွယ်မေးမြန်းခန်းကို နားဆင်ပါ။
2013-10-28
လိုင်ဇာညီလာခံနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးစင်တာခေါင်းဆောင် ဦးလှမောင်ရွှွေနဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
2013-10-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉ နှစ်ကတည်းက ချီးမြှင့်ခံထားရတဲ့ ဂုဏ်ထူးဆောင်ရောမမြို့တော်သူဆုကို အီတလီနိုင်ငံမှာ မနေ့က လက်ခံရယူပါတယ်။
2013-10-28
အခုရက်ပိုင်း ကျင်းပတော့မယ့် တိုင်းရင်းသားအဖွဲ့ပေါင်းစုံ လိုင်ဇာညီလာခံ မှာ တင်ပြမယ့် ပူးတွဲကြေညာချက် တစ်စောင်ကိုKNU ကရင်အမျိုးသားအစည်းအရုံးနဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက အောက်တိုဘာလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
2013-10-27
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နယ်လှည့်ခရီးသွားရုပ်ရှင်ပွဲတော်ကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ဒီပွဲကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့အပြင် ဦးကိုကိုကြီး(စမ်းချောင်း) တို့ တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။
2013-10-27
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့လိုက်ပြီဖြစ်တဲ့ အတွက် ဒေသခံ ရပ်မိရပ်ဖတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကို ဒီနေ့မှာ ဖျက်သိမ်း လိုက်ပြီလို့ သိရပါတယ်။
2013-10-27
မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက သူတို့နယ်မြေကို လက်ဝါးကြီးအုပ်ထားတဲ့အတွက်ဆိုပြီး ရမည်းသင်းမြို့နယ် ရွှေမြင်တင်ဘုရားတောင်ပေါ်မှာ သပိတ်စခန်းဖွင့်ဆန္ဒပြဖို့ တောင်းဆိုခဲ့ပေမယ့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကခွင့်မပြုဘဲ ဖယ်ရှားခိုင်းလို့ မိုးထိမိုးမိနဲ့ ရမည်းသင်းမြို့ကြားက ပျဉ်းပြားကျေးရွာအနီး ရှိ ရွှေယဉ်ကျော်တောင်ကို သောကြာနေ့က ပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။
2013-10-27
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ယခုလ ၃ဝ ရက်နေ့ကနေ နိုဝင်ဘာလ ၁ ရက်နေ့ အထိကျင်းပမယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်တွေရဲ့ ညီလာခံကို တက်ရောက်ဖို့ ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်တွေဟာ ဒီနေ့ညနေပိုင်းက မြစ်ကြီးနားမြို့ကို ရောက်လာပါတယ်။
2013-10-27
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီ ရပ်ကွက်၊ ကမြော်ကင်းလမ်းဘေးက အစိုးရကသိမ်းယူထားတဲ့ လယ်မြေတွေမှာ တိုင်းဒေသကြီးအစိုးရနဲ့ ဝန်ထမ်းအိမ်ယာတွေ ဆောက်လုပ် ဖို့အတွက်ဆိုပြီး ခြံစည်းရိုးတွေ စတင်ဆောက်လုပ်နေတယ် လို့ သိရပါတယ်။
2013-10-27
ကမ္ဘာတစ်ဝန်း ဒီမိုကရေစီ ထွန်းကားရေးအတွက် အားပေး ကူညီနေတဲ့ အမေရိကန်ပြည်ထောင်စု က National Endownment for Democracy - NED အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ဒီနေ့တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်တွေနဲ့ ပတ်သက်တဲ့ လက်ရှိအခြေအနေတွေ ကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
2013-10-27
ဒီကနေ့ မြန်မာ့နိုင်ငံရေးမှာ အရေးတကြီးကိစ္စတစ်ခုဖြစ်လာတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပြုပြင်ရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် ဒေါ်ခင်မျိုးမြင့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။