ဘင်္ဂလားဒေ့ရ်ှ စက်လှေပေါ်က လူ ၃၀ ရခိုင်ကမ်းခြေမှာ ဖမ်းမိ


2013.10.28

ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက်ကလာတဲ့ စက်လှေတစ်စီးပေါ်က လူ ၃၀ လောက်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလီကျေးရွာနဲ့ ကိုးတန်ကောက်ကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ မနေ့က ဖမ်းဆီးရမိခဲ့ကြောင်း နယ်စပ်ဒေသလုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အဲဒီစက်လှေဟာ မလေးရှားနိုင်ငံဖက်က ိုဦးတည်သွားတဲ့စက်လှေဖြစ်ပြီး မနေ့က ပင်လယ်ပြင်မှာ ရာသီဥတုဆိုးဝါးနေတဲ့အတွက် ကမ်းကပ်လာစဉ် ဖမ်းဆီးရမိတာဖြစ်ကြောင်း ရသေ့တောင်မြို့နယ် ရဲစခန်းက မြို့နယ်မှူး ရဲမှူးဦးမောင်ကြီးက RFA ကိုပြောပါတယ်။

အဲဒီစက်လှေပေါ်မှာ လူ ၁၅၀ လောက်ပါကြောင်းနဲ့ ကျန်သူတွေကတော့ လှေကမ်းကပ်စဉ် ထွက်ပြေးလွတ်မြောက်သွားကြောင်းလည်း စခန်းမှူးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တဖက်ကမ်း ဘင်္ဂလားဒေ့ရ်ှနယ်စပ်ဖက်မှာ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေရှိပြီး အဲဒီဒုက္ခသည်စခန်းကနေ လှေတွေနဲ့ မလေးရှားနိုင်ငံဖက်ကို မကြာခဏထွက်လေ့ရှိပါတယ်။

အခုဖမ်းဆီးမိသူတွေဟာ အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေလားဆိုတာတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။