ဆန္ဒပြ မိုးထိမိုးမိ လုပ်သားများ ရွှေယဉ်ကျော်တောင် ကို ပြောင်းရွှေ့


2013.10.27

မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီက သူတို့နယ်မြေကို လက်ဝါးကြီးအုပ်ထားတဲ့အတွက်ဆိုပြီး ရမည်းသင်းမြို့နယ် ရွှေမြင်တင်ဘုရားတောင်ပေါ်မှာ သပိတ်စခန်းဖွင့်ဆန္ဒပြဖို့ တောင်းဆိုခဲ့ပေမယ့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်မပြုဘဲ ဖယ်ရှားခိုင်းလို့ မိုးထိမိုးမိနဲ့ ရမည်းသင်းမြို့ကြားက ပျဉ်းပြားကျေးရွာအနီးရှိ ရွှေယဉ်ကျော်တောင် ကို သောကြာနေ့က ပြောင်းရွှေ့ခဲ့ကြရတယ်လို့ သိရပါတယ်။

ဒေသခံအလုပ်သမားတွေ  လတ်တလောမှာ အခက်အခဲကြုံတွေ့နေရပုံကို ရွှေလုပ်သားတစ်ဦးက ခုလိုပြောပါတယ်။

"တောင်ပေါ်မှာ ဘာမှလုပ်စားကိုင်စားလို့မရအောင် မဖြစ်နိုင်တဲ့ စည်းကမ်းချက်တွေနဲ့ ပိတ်ပင်တားဆီးထားတယ်၊ ခရိုင်၊ မြို့နယ်မှုးအဆင့်တွေက ကျွန်တော်တို့ ဘယ်လိုတောင်းဆိုတောင်းဆို သူတို့ဘာမှမလုပ်ပေးနိုင်ဘူး၊ အဲဒါကြောင့် ကျွန်တော်တို့မှာ နောက်ဆုတ်လို့လဲမဖြစ်ဘူး၊ ရှေ့တိုးမယ်ဆိုတော့လဲ တိုးနိုင်တဲ့အတိုင်းအတာမရှိဘူးခင်ဗျ၊ ဒီနေရာလေးမှာ အကောင်းဆုံးဖြစ်အောင် ဦးနှောက်အေးအေးနဲ့ စဉ်းစားဆုံးဖြတ်ပါမယ်"

ရွှေလုပ်သားတစ်ရာကျာ်ဟာ  ရွှေယဉ်ကျော်တောင်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းမှာ  စုပြုံနေထိုင်နေကြတာဖြစ်ပြီး စားနပ်ရိက္ခာလိုအပ်နေကြပါတယ်။

လတ်တလော မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ အရေးနဲ့ပတ်သက်လို့ ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့မှူးကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်ကိုသာ မေးမြန်းဖို့ ဖြေကြားခဲ့ပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။