သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-19
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် တစ်ခုလုံးမှာရှိတဲ့ သံဃာတော်တွေ စည်းစည်းလုံးလုံး ရှိနေဖို့အတွက် ရခိုင်ပြည်နယ်လုံးဆိုင်ရာ သံဃာ့အစည်းအဝေး တစ်ရပ်ကို စစ်တွေမြို့ ဒက္ခောင်းကျောင်းတိုက်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-10-18
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေဟာ တရုတ်-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး၊ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ အပြည့်အစုံကို RFA ဆောင်းပါးရှင် ခင်စည်သာက တင်ပြထားပါတယ်။
2012-10-18
ရန်ကုန်မြို့က ကိုလိုနီခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံတွေ ဖြစ်တဲ့ ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနဲ့ စုပေါင်းရုံးကို ပြတိုက်နဲ့ဟိုတယ်အဖြစ် ဆောက်လုပ်ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လက်ထဲ လွှဲပြောင်းရောင်းချလိုက်တာကို ကန့်ကွက်တဲ့အနေနဲ့ ရှေ့နေများကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မအိအိခိုင် က တင်ပြထားပါတယ်။
2012-10-18
ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့ အခြေစိုက် နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ရဲ့ AZG ဆေးခန်း စစ်တွေမြို့ မှာ ဒီကနေ့ မနက်ပိုင်းက ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်ခဲ့တာကို မြို့ခံလူထု ၂၀ ကျော်က အဲဒီဆေးခန်းရှေ့မှာပဲ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2012-10-18
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ နှစ် (၅၀) ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဟာ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်မြို့တော်မှာ ဖွင့်လှစ်ထားတဲ့ ထိန်လင်း ကုသိုလ်ဖြစ် ဆေးခန်း ဆိုင်းဘုတ်တင်ပွဲနဲ့ စာကြည့်တိုက်ဖွင့်ပွဲကို ဒီကနေ့ သွားရောက် အလှူဒါန ပြုခဲ့ပါတယ်။
2012-10-18
နေပြည်တော်ကို ဒီကနေ့ ရောက်ရှိလာတဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝီလီယံဘန်းဟာ သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခရီးစဉ်အတွင်း မစ္စတာ ဝီလီယံဘန်းဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း နေပြည်တော်မှာ သီးသန့် တွေ့ဆုံခဲ့ပါတယ်။
2012-10-18
မနေ့ညက ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသ မှော်မောင်းကုန်း ကျေးရွာမှာ လက်နက်ကြီး ကျည်ဆံတွေ ကျရောက် ပေါက်ကွဲတာကြောင့် ဒေသခံ ၃ ဦး သေဆုံးတယ်လို့ သိရှိရပါတယ်။
2012-10-18
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တည်းကျေးရွာမှာ နှစ်ရက်ကြာ ကျင်းပမယ့် လက်ပံတောင်းတောင် ပြည်သူ့ညီလာခံကို ဒီကနေ့ စတင် ကျင်းပခဲ့ပါတယ်။
2012-10-17
ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်းချမ်းရေးဆု ချီးမြင့်လိုက်ပါတယ်။
2012-10-17
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီးနဲ့ ကိုထွန်းထွန်း တို့ဟာ ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကော့ဝင်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ဒီကနေ့ ညနေက သွားရောက်ကြခဲ့ပြီး ငွေသား ၂၅ သိန်း အပါအဝင် အိမ်သုံးဆေးဝါးနဲ့ အစားအစာ စုစုပေါင်း တန်ဖိုး သိန်း ၁၀၀ နီးပါး လှူဒါန်းခဲ့ပါတယ်။
2012-10-17
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနဲ့ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသား အရေးတွေ ဆွေးနွေးမယ့် ပြည်သူ့ညီလာခံ တရပ်ကို ကြေးနီစီမံကိန်းဒေသ ဆည်တဲကျေးရွာမှာ မနက်ဖြန် မနက်မှာ ကျင်းပဖို့ ပြင်ဆင်နေပြီး ညီလာခံ တက်ရောက်ဖို့ ကိုယ်စားလှယ် ၃၀၀ ကျော် ရောက်ရှိနေပြီလို့ သိရပါတယ်။
2012-10-17
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်းကျ ဆွေးနွေးမှုတွေနဲ့ လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက် အကျိုးမရှိတဲ့ ဆွေးနွေးချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းလိုက်ပါတယ်။
2012-10-17
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ တိုင်းအဆင့် ညီလာခံ ကျင်းပရေး ကော်မရှင်တွေ အတွက် ညီလာခံ ကျင်းပရေး စီမံချက် ရှင်းလင်းပွဲကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-10-17
ရန်ကုန်မြို့လယ်မှာ ရှိတဲ့ ကိုလိုနီခေတ် လက်ရာ တရားရုံးတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေလက်ထဲ လွှဲပြောင်းပေးလိုက်တဲ့ ကိစ္စအပေါ် ကန့်ကွက်ကြတဲ့ ရှေ့နေများ ကွန်ရက်အဖွဲ့ဝင် (၂၀၀) လောက်ဟာ ဒီကနေ့ မနက် ၁၀ နာရီက မဟာဗန္ဓုလ ပန်းခြံလမ်းက တရားလွှတ်တော်ရှေ့မှာ စုဝေးပြီး၊ စုပေါင်း တိုင်းတရားရုံး အထိ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2012-10-16
ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကို ရည်စူးတဲ့ ရက်လည်ဆွမ်းကပ်လှူပွဲကို ရန်ကုန်၊ စမ်းချောင်းမြို့နယ် မြောင်းမြလမ်းမှာ ရှိတဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မိသားစုနေအိမ်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။