ဝေါမြို့နယ် ရေဘေးဒုက္ခသည် အတွက် ၈၈ ကျောင်းသားအဖွဲ့ လှူဒါန်း

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီးနဲ့ ကိုထွန်းထွန်း တို့ဟာ ပဲခူးတိုင်း ဝေါမြို့နယ်အတွင်းက ရေဘေးဒဏ်ခံခဲ့ရတဲ့ ကော့ဝင်းကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းကို ဒီကနေ့ ညနေက သွားရောက်ကြခဲ့ပြီး ငွေသား ၂၅ သိန်း အပါအဝင် အိမ်သုံးဆေးဝါးနဲ့ အစားအစာ စုစုပေါင်း တန်ဖိုး သိန်း ၁၀၀ နီးပါး လှူဒါန်းခဲ့ပါတယ်။

2012.10.17

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ မူဝါဒအရ ရေဘေးနဲ့ ပတ်သက်ရင် အဆိုးဝါးဆုံး နေရာတွေကို ရှာဖွေ လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ ကိုဂျင်မီက RFA ကို ပြောပါတယ်။

"ပညာသင်ပေးနေတဲ့ ကျောင်းတကျောင်းမှာ အတော်လေး အခြေအနေဆိုးနေတယ်လို့ ကျွန်တော်တို့ကို အကြောင်းကြားလာတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ မူဝါဒအရ ရေဘေးနဲ့ ပတ်သက်ရင် အဆိုးဝါးဆုံး နေရာတွေကို ရှာဖွေ လှူဒါန်းတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ စိစစ်လိုက်တဲ့အခါမှာ တကယ်ပဲ ဟောဒီနေရာက ဆိုးဝါးနေတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လာပြီး ကူညီထောက်ပံ့တာပါ။"

၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ ဝေါမြို့ခရီးစဉ် အပါအဝင် ဧရာဝတီတိုင်း ရေဘေးနဲ့ ပတ်သက်လို့ လှူဒါန်းတာ ၄ ကြိမ်မြောက်ရှိပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။